Zawgyi
ရှောင်းကျန့်စောစောထပြီး အစည်းအဝေးသွားဖို့ပြင်ဆင်နေသည်။"ဒယ်ဒီ"
"အယ် သားသားလေးကအစောကြီးနိုးနေပြီလား???"
"ဒယ်ဒီအလုပ်တွားမို့ရား"
"ဟုတ်တယ် သားသားလေးရဲ့ သားသားလေးရဲ့ဖိုးဖိုးကနေမကောင်းလို့ပါးကဖိုးဖိုးအစားသွားမှာ"
"ပါးပါးဖိုးဖိုးရို ပင်ပန်းလာမှာရား"
"မပင်ပန်းပါဘူးဗျ ဟောဒီကပါးရဲ့ပေါက်စီလုံးလေးအာဘွားပေးရင်ပင်ပန်းတာတွေအကုန်ပျောက်သွားမှာ..."
ရှောင်းကျန့်ပြောတော့ ရှောင်းကျန့်ပါးကိုခုံခု၍ အာဘွားလာပေးနေသောစော်အော်လေး
ကြောင့် ရှောင်းကျန့်ယုန်သွားလေးတွေပေါ်သည်အထိသဘောတကျရယ်လိုက်သည်။"ပါးဖိုးဖိုးရို မပင်ပန်းတော့ဝူး စော်အော် အာဝါးအဝပေးလိုက်ပြီ"
"ဟားးးဟားးးဟုတ်ပါပြီ ဖိုးဖိုးကအသက်ကြီးတော့အပင်အပန်းမခံနိုင်ဘူးသားသားရဲ့အဲ့တော့ ပါးပါးအလုပ်သွားနေတုန်းဖိုးဖိုးနဲ့ဖွားဖွားကို သားသားလေးကအိမ်မှာနေပြီးစောင့်ရှောက်ရမယ်နော်"
ရှောင်းကျန့်ပြောတော့ စော်အော်လေးတစ်ခဏမျှငြိမ်သွားပြီ ခေါင်းချက်ချင်းငြိမ့်ကာ"ပါးပါးချိတ်ချ စော်အော်ဖိုးဖိုးနဲ့ဖွားဖွားကိုတာတွယ်မှာ ..."
"လာပါဦး ပါးပါးရဲ့အချစ်ကလေးကိုပါးပါးအာဘွားမပေးရသေးဘူး"
စော်အော်လေးကိုချီ၍ မျက်နှာအနှံ့အနမ်းတွေခြွေလိုက်သည်။
မနက်ခင်းလေးဟာ စော်အော်လေးရဲ့အနမ်းတွေကြောင့် ရှောင်းကျန့်အတွက်ပြီးပြည့်စုံသွားပြီ ရှောင်းကျန့်ရိပေါ်ကိုတွေ့ဖို့လည်းအင်အားတွေရသွားသလို...
မိနစ်အနည်းငယ်ကြာတော့ ရှောင်းကျန့် စော်အော်လေး၊ရှောင်းပါးနဲ့ရှောင်းမားကိုနှုတ်ဆက်၍ Wang Companyသို့...
.
.
.
"ဟယ်ချောလိုက်တာ ငါဘဝမှာငါတို့CEOလောက်ချောတဲ့သူမရှိတော့ဘူးထင်ထားတာ..."
ရှောင်းကျန့် Wang Companyထဲ စဝင်ဝင်ချင်းဝန်ထမ်းကောင်မလေးနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်လက်နဲ့ပုတ်၍ ရှောင်းကျန့်အကြောင်းပြောနေကြသည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
De TodoZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...