Zawgyi
"အ့!!!ရိပေါ် ဘာလုပ်...အွတ်...အု..."ရိပေါ် ရှောင်းကျန့် ကိုနံရံဆောင့်တွန်းလိုက်ပြီး ရှောင်းကျန့်နှုတ်ခမ်းကိုအကြမ်းပတမ်းဆွဲနမ်းတော့သည်။ရှောင်းကျန့် မျက်လုံးပြူးပြီးရိပေါ်ကိုကြောင်ကြည့်နေသည်။ရှောင်းကျန့် အသိစိတ်ပြန်ဝင်လာတော့ ရိပေါ်ရင်ဘတ်ကိုသူ့လက်နှစ်ဖက်နဲ့တွန်းတော့သည်။ရိပေါ်ကမဖယ်ပေးတဲ့အပြင် လက်နှစ်ဖက်စလုံးကို သူ့လက်နှစ်ဖက်ဖြင့်ချုပ်၍ နံရံ၌ ဖိကပ်ထားသည်။ရှောင်းကျန့် နှုတ်ခမ်းကိုအပေါ်တစ်လှည့်အောက်တစ်လှည့် စုပ်ယူစားသုံးနေတော့သည်။ရှောင်းကျန့်မှာ ရိပေါ်ရဲ့အနမ်းတွေကြား ခြေပင်မခိုင်ချင်တော့...ရိပေါ် သူအသက်ရှူကျပ်လာမှ ရှောင်းကျန့်အောက်နှုတ်ခမ်းကိုကိုက်ချလိုက်ပြီး လည်တိုင်ကိုဆင်းလာသည်။"ရိပေါ်!!!ဘာဖြစ်နေ...အ့...မကိုက်နဲ့..."ရိပေါ် ရှောင်းကျန့်အသံကြားမှ အသိစိတ်ပြန်ဝင်လာပြီး ရှောင်းကျန့်ကိုဖိချုပ်ထားတဲ့လက်လွှတ်ပေးလိုက်သည်။
"ရှောင်းကျန့်...ငါကလွဲပြီး တခြားလူတွေနဲ့အရောတဝင်မနေပါနဲ့...ငါမကြိုက်ဘူး..."ရှောင်းကျန့် အသက်ဝဝရှူပြီးမှ
"ဘာလို့လဲ...မင်းဒီစကားပြောရအောင် မင်းနဲ့ငါနဲ့ကဘာတွေမို့လို့လဲ..."ရိပေါ် ရှောင်းကျန့်ပုခုံးနားမျက်နှာအပ်လိုက်ပြီး
"ရှောင်းကျန့် ငါမင်းကိုချစ်တယ်...မင်းငါမဟုတ်တဲ့တခြားသူတွေနဲ့အရောတဝင်နေတာငါမကြိုက်ဘူး...ပြီးတော့ ဒီရင်ဘတ်ကြီးကလည်း တစ်ဆစ်ဆစ်နဲ့နာကျင်ရတယ်...မင်းကိုတွေ့တိုင်းလည်း ဟောဒီရင်ဘတ်ကြီးက သူ့ပိုင်ရှင်တွေ့တဲ့အတိုင်း အဆမတန်ခုန်နေတယ်...ငါမင်းကိုအရမ်းချစ်တယ်...မင်းရော..."
"ငါ...ငါ..."ရှောင်းကျန့် ဘာပြောရမှန်းမသိ စကားတွေထစ်နေသည်။ရိပေါ်မှ
"ငါမင်းကိုချစ်တယ်...မင်းကငါ့အတွက်အရာရာပဲရှောင်းကျန့်...မင်း ငါတို့အိမ်ပထမဆုံးမုန့်လာပို့တဲ့နေ့ကတည်းက ငါ့နှလုံးသားထဲမင်းကြီးစိုးနေခဲ့တာ...အစတည်းကပြောမို့ပါပဲ...ရင်ခုန်တာကို ရင်တုန်တာလို့ လိမ်ခဲ့မိတာ ငါ့ကိုယ်ငါ အခုငါသိလိုက်ရပြီး ငါမင်းကိုအရမ်းချစ်မိနေပြီး..."ရိပေါ် အဲ့လောက်စကားအများကြီး ပြောတာမကြားဖူးတော့ ရှောင်းကျန့်ခမျာ ပါးစပ်လေးအဟောင်းသားနဲ့ ရိပေါ်ကိုအူတူတူလေး ကြည့်နေသည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...