Zawgyi
"အာ...ရိပေါ်ဟောက်ရွမ်းနဲhotpotသွားစားတာ""ရှောင်းကျန့် မင်းင့ါကိုရှောင်နေတာလား???ငါဖုန်းခေါ်တော့လည်းမကိုင်ဘူး။ messageပို့တော့လည်းseenတောင်မပြဘူး။ ရှောင်းကျန့်မင်းဘာတွေဖြစ်နေတာလဲ???"
ရိပေါ်မေးတာလည်းမှန်နေတာမို့ ရှောင်းကျန့်မသိမသာနှုတ်ခမ်းကိုက်၍"ငါဘာမှမဖြစ်ပါဘူး အခုတလောဖုန်းတောင်မကိုင်ဖြစ်တာကြာပေါ့ ပြီးတော့မင်းပြောသလိုမင်းကိုမရှောင်ရပါဘူးကွာ"
"ပြီးရောမဟုတ်ရင်လည်း"
ရိပေါ်ထိုသို့ပြောမှ ရှောင်းကျန့်သက်ပြင်းချနိုင်တော့သည်။>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီနေ့ မျန်မျန်ရုံးဆင်းချိန်နောက်ကျသွားတာမို့ အိမ်ပြန်လမ်းတွင်အမူးသမားတွေနဲ့တွေ့၍
"ဟေ့ကောင်မလေးတစ်ယောက်တည်းလား???"
"ရှင်တို့ကိုယ့်လမ်းကိုယ်သွားနော် အာရုံလာမစားနဲ့"
မျန်မျန်ပြောပြီး ဆက်လျောက်တော့ ထိုလူသုံးယောက်ထဲမှအလယ်ကလူကမျန်မျန်ကိုတားကာ"ညီမလေးကလည်းကိုကြီးတို့ကိုမကြောက်ပါနဲ့ ကိုကြီးတို့ကသာယာမှုပေးချင်လို့ပါ"
ဆိုပြီး မျန်မျန်ကိုဆွဲလားရမ်းလားလုပ်နေတာကြောင့် မျန်မျန်ထအော်သည်။"လာကြပါဦးရှင် ကယ်ကြပါဦး ကျွန်မကိုဆွဲလားရမ်းလားလုပ်နေလို့ကယ်ကြပါဦး"
မျန်မျန်ကိုနောက်တစ်ယောက်မှပါးစပ်ကိုလက်နဲ့အုပ်၍ ဆွဲခေါ်နေချိန်"မျန်မျန် ဘာဖြစ်နေတာလဲ???"
မျန်မျန်အသံကြားလို့အားကိုးတကြီးကြည့်၍ သူ့ကိုချုပ်ထားတဲ့လက်ရဲ့ခြေထောက်ကိုဆောင့်တက်နင်းချကာ သံစဉ်ဆီပြေး၍"သံစဉ် ကယ်ပါဦးအဟင့်"
"Ok မကြောက်နဲ့တော့နော် ငါရှိတယ်"
သံစဉ် မျန်မျန်ပါးလေးကိုအုပ်ကိုင်ကာပြောပြီး မျန်မျန်ကိုသူ့အနောက်ပို့၍"ခင်ဗျားတို့ကသုံးယောက် ဒီမိန်းကလေးတစ်ယောက်ကိုတောင်မနိုင်ဘူး ဟက် ခင်ဗျားတို့ထမီဝတ်ထားသင့်တယ်"
သံစဉ်ပြောတော့ မျန်မျန်လက်မောင်းလိမ်ဆွဲ၍ မျက်လုံးပြူးပြတော့ သံစဉ်ပြုံးလိုက်သည်။
အမူးသမားတွေအဖွဲ့ကတစ်ယောက်က
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...