Part 29

697 23 0
                                    

Zawgyi
"ဒယ်ဒီ ဒယ်ဒီ"
လေယာဉ်ပေါ်စရောက်တည်းက စကားတွေတောက်လျောက်ပြောနေတဲ့ စော်အော်လေးရယ်ပါ...
ရှောင်းကျန့်မှာတစ်ချက်တစ်ချက်အိပ်ငိုက်သွားရင်တောင် စော်အော်လေးရဲ့ခေါ်သံကြောင့်နိုးသွားရသည်။

"ပြောပါဗျာ"

"ဖွားဆီရောက်ရင် ဝူးဝူးစီးမယ်ညော်"
စော်အော်လေးအပြောကိုရှောင်းကျန့်မျက်မှောင်တွန့်ချိုး၍
*သားသားကလည်းသူ့ဒယ်ဒီနဲ့တော်ရုံတူတာမဟုတ်ဘူး အကြိုက်ကအစလိုက်တူနေတယ် သားသားအရှေ့မှာဆိုဆိုင်ကယ်ပြိုင်ပွဲတောင်မကြည့်ရဘူး ဆိုင်ကယ်သံကြားတာနဲ့ထမင်းမေ့ဟင်းမေ့... စကိတ်စီးတာလေးကပါအဆစ်ပါသေး...အခုလည်းဆိုင်ကယ်စီးဖို့ပြောနေပြန်တယ် ငါတော့ပြန်လာတာမှားပြီးထင်ပါတယ်*

"ဒယ်ဒီ!!!"

"အမ် ဟမ်..."

"‌ညော်ဒယ်ဒီ စော်အော်ဝူးဝူးစီးမယ်ညော်"
စော်အော်လေးပြောတော့လည်း ရှောင်းကျန့်အင်းမလုပ်အဲမလုပ်...
စော်အော်လေးမှ စပြီးရှောင်းကျန့်ကိုချုပ်ပါပြီ
မျက်လုံး‌လေးကလယ်ကလယ်‌နဲ့ချက်ချင်းမျက်နှာငယ်လေးဖြစ်သွားကာ

"ဒယ်ဒီစော်အော် ဝူးဝူးမစီးဖူးလို့ပါ ဒယ်ဒီမစီးခိုင်းရင်‌စော်အော် မစီးတော့ဝူးလေ ဒယ်ဒီရို‌စော်အော် ချစ်ယေလေညော်"
ရှောင်းကျန့် မျက်နှာငယ်လေးနဲ့စကားတွေအပီအပြင်ချုပ်နေသော စော်အော်လေးကြောင့် နောက်ဆုံးသဘောတူလိုက်ရသည်။

"အဲ့ကြောင့် ဒယ်ဒီရိုချစ်ထာ"

"ဒယ်ဒီကလည်း သားသားလေးကိုချစ်ပါသတဲ့ဗျာ"
ရှောင်းကျန့်အပြောကို စော်အော်လေးသဘောကျစွာသွားတန်းလေးတွေပေါ်သည်အထိရယ်၍ ရှောင်းကျန့်ကိုမမှီတမှီလှမ်းနမ်းသည်။
.
.
.
နောက်ဆုံး‌တော့ရှောင်းကျန့်တို့သားအဖ လိုရာခရီးရောက်လာခဲ့သည်။

"မားရေ မားးး"

"ဟယ် သားကျန့် အမလေး ယောကျာ်းရေ!!!ဒီမှာသားကျန့်တို့ရောက်လာပြီ"
ရှောင်းကျန့်လာလည်မယ်ဆိုတာ ညတည်းကအသိပေးပြီးပြီဖြစ်သည်။
ရှောင်းပါးနဲ့ရှောင်းမား လေဆိပ်ကိုလာကြိုမယ်တကဲကဲလုပ်နေတာကြောင့် ပင်ပန်းမှာစိုးလို့ မလာကြိုရန်အတင်းပြောရသည်။
ရှောင်းမားအော်တာနဲ့ ရှောင်းပါးမှာအပြေးတစ်ပိုင်းရောက်ချလာ၍

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now