Part 33

804 37 3
                                    

Zawgyi

Wang Yibo Pov's
‌သံစဉ် စကားပြောစရာရှိတယ်ဆိုလို့ ကျွန်တော်လည်းလိုက်သွားလိုက်တယ် လူရှင်းတဲ့နေရာရောက်တော့ သံစဉ်မှ

"ရိပေါ် သံစဉ် ဖုန်းကိုတကယ်ပဲ blထားတာလား???"

"ဟုတ်တယ်...မင်းကူညီလိုလို့ငါကူညီပြီးပြီးလေ...ကျောင်းပြီးသွားတော့ ဘာမှပတ်သတ်စရာမလိုတော့ဘူးထင်လို့..."

"အဟက် ရိပေါ်ကအရမ်းပွင့်လင်းတာပဲနော်...သံစဉ်မှာ‌တော့ မားနေမကောင်းလို့မားဆီခဏပြန်သွားတာ ရိပေါ်ကိုသတိရလွန်းလို့...‌မနေနိုင်မထိုင်နိုင် ဖုန်းဆက်လိုက်ပါတယ်...အဟက် ရိပေါ်ကသံစဉ်ဖုန်းကိုblထားတယ်တဲ့...ရယ်ရတယ်နော်..."

"သံစဉ် ဟန်ဆောင်တဲ့ကိစွကို ဒီနေ့အပြတ်ပြောရအောင်..."


"ဟန်ဆောင်တဲ့ကိစ္စကိုတော့ ထားလိုက်ပါတော့ ဒါပေမယ့် ရိပေါ်ကိုသံစဉ်တစ်ခုပြောမယ်...သံစဉ်ရိပေါ်ကိုချစ်တယ်...ခုမှချစ်တာလည်းဆိုရင် မဟုတ်ဘူး ရိပေါ် ကိုသံစဉ်အရင်ထဲကချစ်နေခဲ့တာပါ...ရိပေါ် သံစဉ်ဘက်ကိုတစ်ချက်လောက်ငဲ့ကြည့်ပါဦး..."

"Sorryသံစဉ် အခုငါမှာချစ်သူရှိတယ်...ပြီးတော့ မင်းကိုငါအရင်ကရောအခုရော..ညီမလေးတစ်ယောက်ထက်မပို..."

"အားးးး ဟင့်အင်း ဟင့်အင်း သံစဉ်ဘာမှမကြားချင်ဘူး...သံစဉ်သွားတော့မယ်..."သံစဉ်ထွက်သွားတော့ ကျွန်တော်သံစဉ်လက်ကိုဆွဲပြီးတားလိုက်သည်။

"သံစဉ် ငါ့ကိုမေ့လိုက်ပါတော့...အရင်လိုသူငယ်ချင်းလိုပဲပြန်နေရအောင်..."ပြောပြီး သံစဉ်လက်ကိုလွှတ်မယ်အလုပ် သံစဉ် ရုတ်တရက် ကျွန်တော်ကိုင်ထားတဲ့လက်ကို ဆောင့်ဆွဲပြီး ကျွန်တော်ကိုဖက်လိုက်သည်။ကျွန်‌တော်လည်း သံစဉ်ရဲ့ရုတ်တရက်အပြုအမူကြောင့် ကြောင်အပြီးရပ်နေမိသည်။သံစဉ် ဖက်ထားရာမှခွာကာ

"အင်းပါ ရိပေါ်ပြောသလိုပဲ ရိပေါ်ညီမလေးတစ်ယောက်လိုပဲ သံစဉ်နေပါ့မယ်...ခုနက ဖက်တာကိုလည်းတစ်မျိုးမထင်ပါနဲ့ သူငယ်ချင်း အချင်းချင်းတော့ဖက်လို့တော့ရတယ်မလား..."

"မွေးနေ့ပွဲဆီပြန်သွားရအောင်..."ကျွန်တော်ပြောလိုက်တော့ သံစဉ်ခေါင်းငြိမ့်ပြီး အရှေ့ကနေထွက်သွားသည်။ကျွန်တော် အထဲပြန်ရောက်တော့ အရင်ဆုံးလိုက်ရှာမိသည်က ကျွန်တော့်အသဲအသက်...လိုက်ရှာနေရင်းမှဟောက်ရွမ်းကိုတွေ့တော့

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now