Part 10

1.5K 90 2
                                    

Zawgyi
ဒေါက် ဒေါက်

"ကျန့်လေးရေ သား ထတော့လေ ကျောင်းသွားရဦးမယ် ဒီကလေးမိုးအေးအေးနဲ့ကွေးလို့ကောင်းနေတယ်ထင်တယ် ထတော့သားရေ..."

"ဟုတ်ကဲ့မား သားနှိုးပြီး"

"အေးအေးသားရယ် မြန်မြန်ရေချိုးဦး မိုးကအေးတယ် ဖျားမယ်..."

"ဟုတ်မား..."
ရှောင်းမားလည်း သားဖြစ်သူကိုနှိုးပြီး မနက်စာသွားပြင်ဆင်နေသည်။
ရှောင်းကျန့်လည်း ရေချိုးပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာသည်။

"သားရေ...မနက်စာ စားသွားနော်...မား ဖက်ထုပ်လုပ်ပေးထားတယ်...ပြီးတော့တိတိလေးအတွက်လည်း ယူသွားပေးလိုက်..."

"ဟုတ်မား ဟိုလေ သားအတွက်‌ရောပါထည့်ပေးလိုက်ပါလား သားကျောင်းရောက်မှပဲရိပေါ် နဲ့တူတူစားတော့မယ်...ခုနည်းနည်းနောက်ကျနေလို့...နော်မား..."

"ဟုတ်ပါပြီ...မနက်စာမစားပဲတော့မနေနဲ့နော်...အစာအိမ်ထိခိုက်မယ်..."

"ဟုတ်မား စိတ်ချ စားမှာ...ဟီးဟီး..."
ရှောင်းမားလည်း ရှောင်းကျန့်နဲ့ရိပေါ်စားဖို့ဖက်ထုပ်ကိုဘူးထဲသေချာထည့်ပေးလိုက်ပြီး ရှောင်းကျန့်ကိုလှမ်းပေးလိုက်သည်။

"အဲ့ဆို သားသွားတော့မယ်နော်...မွ..."‌

"လာပါဦး မားသားလေးကိုလည်းနမ်းချင်လို့..."
ရှောင်းကျန့်ရဲ့ဖောင်းနေတဲ့ပါးလေးနစ်ဝင်သွားသည်အထိနမ်းလိုက်သည်။
ရှောင်းကျန့် မျက်လုံးမှိတ်သည်အထိပြုံးပြပြီး ရှောင်းမားကိုနှုတ်ဆက်ကာ ထုံးစံအတိုင်း ရိပေါ်ကိုသွားခေါ်နှိုးရတော့သည်။
ရှောင်းကျန့် အိမ်ထဲဝင်ဝင်ချင်း မိုးလေဝသ သတင်းကြည့်နေသောဝမ်ပါးမှ

"ရှောင်းကျန့်လေးတောင် လာပြီး မိန်းမရေ မင်း သားရောမနှိုးသေးဘူးလား..."

"သားလေးရေချိုးနေပါပြီး ရှင်ဆိုသည်မှာလည်း..."

"ကျန့်ကျန့် သားလေး လာ မားဒီမှာသားတို့စားဖို့ မားအသီးခွဲပေးထားတယ် ယူ‌သွားဦး..."

"ဟုတ်မား..."
ရှောင်းကျန့်လည်း ဝမ်မားပေးတဲ့အသီးဘူးလေးယူပြီး ရိပေါ်ကိုစောင့်နေလိုက်သည်။ဝမ်ပါးမှ

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now