Zawgyi
အချိန်တွေကုန်တာမြန်လိုက်တာ ဘာလိုလိုနဲ့ ရှောင်းကျန့်တို့final exam ဖြေရတော့မည်။"ရိပေါ် ဒီမှာသံစဉ်ရိပေါ်အတွက် မနက်စာထည့်လာတယ်..."သံစဉ် သူယူလာတဲ့ပေါင်မုန့်ကြက်ဥကြော်ကိုဖွင့်၍ ပြောလိုက်သည်။
"ယူလာပေးတာကျေးဇူးပဲ...ဒါမယ့်အိမ်ကနေ ငါမနက်စာ စားလာတယ်..."သံစဉ်ကိုပြောပြီး ရိပေါ်စာပြန်လုပ်နေသည်။
"ရိပေါ်..."ဟောက်ရွမ်းနဲ့ရှောင်းကျန့် အလောတကြီးပြေးလာ၍ ဟောက်ရွမ်းထိုင်ခုံမှာထိုင်ပြီးအမောဖြေနေသည်။
"မင်းတို့ကလည်းကြာလိုက်တာ...ဘယ်သွားကြတာလဲ???စာမေးပွဲအခန်းထဲတောင်ခဏနေ ဝင်ရတော့မယ်..."ရှောင်းကျန့် ဟောက်ရွမ်း ကိုမျက်စောင်းထိုးပြီး
"ဒီမှာလေ ပြာကလပ်စိန် ကျောင်းကတ်မေ့ကျန်ခဲ့လို့ တော်သေးတာပေါ့ အချိန်မှီသေးလို့..."ရှောင်းကျန့်အပြောကို ဟောက်ရွမ်းကတော့ နှုတ်ခမ်းဆူပြီး ခေါင်းလေးအောက်ငုံ့နေသည်။ရိပေါ်မှာတော့ ရှောင်းကျန့်ရန်တွေ့နေတဲ့ပုံလေးကို စားပွဲပေါ်လက်ထောက်၍ ရှူစားနေသည်။
"ရိပေါ် မနက်စာစားပြီးပြီးလား ဒီမှာမားပေါင်မုန့်ယိုသုတ်ထည့်ပေးလိုက်တယ်..."သံစဉ် မှရှောင်းကျန့်ကိုကြည့်၍ ပြုံးလိုက်ပြီး
"ရိပေါ်ကစားပြီး..."
"မနက်စာလား မစားရသေးဘူး...ဗိုက်ဆာနေတာနဲ့အတော်ပဲ..."သံစဉ်စကားမဆုံးသေး...ရိပေါ်ဖြတ်ပြော၍ ရှောင်းကျန့်လက်ထဲကပေါင်မုန့်ယိုသုတ်ဘူးကိုလှမ်းယူလိုက်သည်။သံစဉ်ပါးစပ်အဟောင်းသားနဲ့ ရိပေါ်ကိုစိုက်ကြည့်နေသည်။
*ငါကျွေးတုန်းကကျတော့ ဘာဖြစ်တယ် စားပြီးပြီးဆို...ခု ရှောင်းကျန့်ပြောတော့ ဗိုက်ဆာနေတာဖြစ်သွားရော...ရှောင်းကျန့် ရှောင်းကျန့် ရှင်ကဘာအသားနဲ့ထုထားလို့ ရိပေါ်ကရှင့်ကိုတမ်းတမ်းစွဲဖြစ်နေတာလဲ...*"ရိပေါ် ပေကုန်ပြီး တစ်သျှူးပါလား..."ရိပေါ်ကခေါင်းခါပြ၍ ရှောင်းကျန့်သူ့လွယ်အိတ်ထဲက လက်ကိုင်ပုဝါလေးထုတ်ကာ ရိပေါ်ကိုပေးလိုက်သည်။
"ငါ့လက် မအားဘူး...သုတ်ပေး..."နှုတ်ခမ်းလေးရှေ့တိုးပြီး ရှောင်းကျန့်ကိုသုတ်ပေးရန် ပြောလိုက်သည်။ရှောင်းကျန့်လည်း ရိပေါ်ပါးစပ်မှာပေနေတဲ့ယိုကိုသုတ်ပေးလိုက်သည်။သံစဉ်မှာမူ ဆက်ပြီး မကြည့်ချင်တော့တာကြောင့် တစ်ဖက်ခုံကိုပြောင်းသွားသည်။ရိပေါ်နဲ့ရှောင်းကျန့်မှာတော့ သံစဉ်ထွက်သွားတာကိုတောင်မသိကြ...ရိပေါ်ကသက်သက်မဲ့ပါးစပ်မှာပေကျံအောင်စားလိုက်...ရှောင်းကျန့်ကသုတ်ပေးလိုက်နဲ့ နှစ်ယောက်တစ်မ္ဘာဖြစ်လို့...ဟောက်ရွမ်းကတော့ သူ့အရှေ့လာ roပြနေလို့ စိတ်ပျက်လက်ပျက်နဲ့စာသာထိုင်လုပ်နေလိုက်သည်။
ရှောင်းကျန့်တို့ စားသောက်ပြီးမကြာ စာမေးပွဲအခန်းထဲကိုယ်စီဝင်ရတော့သည်။ရိပေါ်နဲ့ ရှောင်းကျန့်အခန်းမတူတာကြောင့် ရိပေါ်ကရှောင်းကျန့်ဖြေရမယ့်အခန်းထိလိုက်ပို့၍
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
CasualeZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...