Part 28

687 26 3
                                    

Zawgyi
ရက်တွေ၊လတွေ၊နှစ်တွေ အလီလီပြောင်းလဲလာတာနဲ့အမျှ မျက်စိရှေ့မှာတင် စော်အော်လေးတောင်နှစ်နှစ်အရွယ်ရောက်ခဲ့ပြီ စကားမပီကလာ၊ပီကလာနဲ့တီတီတာတာပြောတတ်တဲ့အရွယ်လေးပေါ့...
ဖိုးဖိုးနဲ့ဖွားဖွားတို့ရဲ့အသဲကျော်လေးဆိုလည်းမမှားဘူး

"သားသားရေ ဘယ်ရောက်နေလဲ???ဒယ်ဒီရဲ့သားသားလေးရေ အို...ဒီကလေးဘယ်ရောက်သွားပါလိမ့်"
စော်အော်လေးကသူ့ဒယ်ဒီကို အမြဲစနောက်တတ်သည်။
ရှောင်းကျန့်အစထဲက‌‌စော်‌အော်လေးပုန်း‌နေတာကိုတွေ့သည်။မတွေ့ချင်ယောင်ဆောင်၍ပြောလိုက်သည်။

"ခစ် ခစ်"
ဆိုဖာအနောက်နေရယ်သံလေးထွက်လာတော့ ရှောင်းကျန့်ပြုံးမိသည်။

"သားသားလေးရေ..."

"ဝါးးး"
ဆိုဖာအနောက်ကနေ‌တိတ်‌တိတ်‌လေး အနောက်ကနေလိုက်၍ရှောင်းကျန့်ကိုခြောက်လိုက်တဲ့‌စော်‌အော်လေး...
ရှောင်းကျန့်လေး လန့်ချင်ယောင်ဆောင်‌၍ထိုင်ချလိုက်ပြီး

"အမလေးဗျ လန့်လိုက်တာသားသားရယ်"

"ခစ် ခစ် ဒယ်ဒီ လန့်တွားယေ လန့်တွား‌ယေ"
ရှောင်းကျန့်လန့်တာကို သဘောတွေကျပြီးသွားတန်းလေးတွေပေါ်သည်အထိရယ်နေသော‌စော်‌အော်လေးကို ရှောင်းကျန့်ချစ်မဝ...

"လာစမ်း ဒယ်ဒီကိုလန့်အောင်လုပ်တယ်ပေါ့ အပြစ်ပေးရမယ်  ဘူးးး အ ဘူးးးး"
ရှောင်းကျန့်‌စော်‌အော်လေးကိုမနာအောင်ချုပ်၍ ဗိုက်ပူပူလေးကို ‌လေမှုတ်၍‌စတော့ စော်အော်လေးကော့ကလန်ထိုးကာ

"ခစ် ခစ် ရားရယ် ဒယ်ဒီ‌စော်အော်ရားရယ် ရားရယ်"

"အရူံးပေးပြီလားပြော"
ရှောင်းကျန့်မေးတော့ စော်အော်လေးက သူ့နှုတ်ခမ်း‌လေးဆူပြီး နားထင်လေးကိုလက်ညှိုးဖြင့်တောက်၍ စဉ်းစားခန်းဝင်နေသည်။
ရှောင်းကျန့်မှ

"ဘာလဲ???အရူံးမပေးဘူးလား အားးးမပေးချင်ဦးကွာ ဘူးးး ဘူးးးး"

"ရားးးဒယ်ဒီစော်အော်အရူံးပေးရယ်"
ရှောင်းကျန့်ယုန်သွားလေးပေါ်သည်အထိ ရယ်၍ စော်အော်လေးကိုကောက်ချီလိုက်သည်။
စော်အော်လေးမှ

Please love once in my lifetime 💚❤️(Completed)Where stories live. Discover now