Zawgyi
"ဟောက်ရွမ်း မင်းပေါ်လာသေးတယ်နော် ငါကမင်းကိုဂန့်သွားပြီလို့တော့ထင်နေတာ..."
ရိပေါ် ရုံးခန်းတံခါးဖွင့်ဖွင့်ချင်း ငုတ်တုတ်ထိုင်နေတဲ့ဟောက်ရွမ်းကိုတွေ့၍ပြောလိုက်ခြင်းဖြစ်သည်။ဟောက်ရွမ်းမှ"မင်းကလည်းဘာလဲလွမ်းနေလို့လား"
ဟောက်ရွမ်းရိပေါ်အနားသွားကာ ပြီတီတီမေးတော့ရိပေါ်တစ်ချက်စွေကြည့်ပြီး ခေါင်းခါ၍ခုံ၌ထိုင်လိုက်သည်။"ဒါနဲ့ရှောင်းကျန့်ရော..."
ဟောက်ရွမ်းအမေးကို ရိပေါ်ရုံးခန်းထဲဝင်လာတဲ့ရှောင်းကျန့်ထံမှေးငေါ့ပြ၍ ရှောင်းကျန့်လည်းဟောက်ရွမ်းနားပြေးကာ ပုခုံးကိုသိုင်းဖက်ပြီး"မင်းရဲ့အချစ်တော်ကြီးငါဒီမှာ..."
"ဟျောင့် ဟျောင့် လွှတ်လွှတ် ငါပြာကျပြီးမသေချင်သေးဘူး"
ဟောက်ရွမ်း သူတို့နှစ်ယောက်ကိုမျက်မှောင်ကြီးကျုတ်ပြီးကြည့်နေတဲ့ ရိပေါ်ကိုမျက်စပစ်ပြ၍ ရှောင်းကျန့်ကိုပြောလိုက်သည်။
ရှောင်းကျန့်ဖက်ထားရာကနေ မသိမသာလွှတ်၍ ပုခုံးပေါ်ကလက်တော့မချပဲဟောက်ရွမ်းကိုမေးလိုက်သည်။"မင်းကပျောက်ချက်သားကောင်းလှချည်လား???"
"အေးကွ ငါခုတလော barဆိုင်တွေထပ်ဖွင့်ဖို့အလုပ်ရူပ်နေတယ်"
"Wowဟောက်ရွမ်း ဟုတ်လှချည်လား???မင်းဆိုင်လာရင်အလကားတိုက်ရမှာနော်"
"အေးပါ ငါ့သူငယ်ချင်းတွေကိုတိုက်မှာပေါ့"
ဟောက်ရွမ်းအပြောကိုရှောင်းကျန့်ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်ပြောလိုက်သည်။"သောက်ရချည်သေးရဲ့..."
"ငါတိုက်မယ်ဆိုတာဒူးနဲ့...ဟားးးဟားးးး"
"ဟောက်ရွမ်း လဒ ငါကအကောင်းမှတ်လို့ အင့်ဟာ..."
ရှောင်းကျန့် ဟောက်ရွမ်းကျောကုန်းကိုထုတော့ ဟောက်ရွမ်းမှရှောင်းကျန့်လက်ကိုချုပ်၍လျှာထုတ်ပြီးပြောင်ပြနေသည်။"အဟမ်း!!!မင်းတို့ရောက်နေတာကစားကွင်းမဟုတ်ဘူး ဒါရုံးခန်း"
ရိပေါ် ချောင်းတစ်ချက်ဟန့်၍မျက်နှာထားတည်တည်နဲ့အရှေ့ကနှစ်ယောက်ကိုကြည့်၍ပြောလိုက်သည်။
ရှောင်းကျန့်နဲ့ဟောက်ရွမ်းလည်း သတိအနေထားပြန်နေလိုက်သည်။
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
RandomZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...