Zawgyi
ရှောင်းကျန့် မနက်စာရိပေါ်ကိုလုပ်ကျွေးရန် ရိပေါ်တို့အိမ်အစောကြီးရောက်နေသည်။ဝမ်မားကတော့ ဝမ်ပါးနဲ့ companyလိုက်သွားသည်။ရှောင်းကျန့် မနက်စာမပြင်ခင် ရိပေါ်ကိုခေါ်နိုးရန် အပေါ်ထပ်တက်လာလိုက်သည်။
*ဟော ကိုကိုဆိုသည်မှာလေ...အိပ်နေလိုက်တာ...ကလေးလေးကျနေရော...ကြည့်ပါဦး ခြေကားယား လက်ကားယားနဲ့...*ရှောင်းကျန့်တွေးပြီး ခေါင်းလေးခါကာပြုံးလိုက်သည်။ရှောင်းကျန့် ရိပေါ်နားသွား၍ ရိပေါ်ဆံပင်ကိုသပ်တင်ပေးကာ"ကိုရေ...ကိုကို...ထတော့လေ..."ရိပေါ် အိပ်လို့ကောင်းနေတုန်း ရှောင်းကျန့် ရိပေါ်နဖူးလေးကိုနမ်းကာ
"ကိုကို...ကိုကို ထပါဆိုကွာ...အ့..."ရှောင်းကျန့် တစ်ယောက်ခေါ်နိုးမရလို့ နှုတ်ခမ်းဆူရုံရှိသေး ရိပေါ် ရှောင်းကျန့်လက်ကိုဆောင့်ဆွဲလိုက်ကာ တစ်ပတ်လှိမ့်ပြီး ရှောင်းကျန့်ကို
ရင်ခွင်ထဲဆွဲဖက်လိုက်သည်။"ဟင် နိုးနေရဲ့သားနဲ့..."ရိပေါ် မှ
"ကိုကို နဖူးကိုတစ်ယောက်သောသူလေးခိုးနမ်းလို့နိုးသွားတာ..."ရှောင်းကျန့်မျက်နှာလေးရဲသွားကာ
"ဘယ်မှာခိုးနမ်းလို့လဲ???"ရိပေါ် တစ်ချက်ရယ်လိုက်ပြီး ရှောင်းကျန့်နဖူးကိုငုံ့နမ်းလိုက်သည်။ရိပေါ်မှ
"ဒါနဲ့ အစောကြီးရောက်နေပါလား...မားတို့ရော..."
"အန်တီဝမ်နဲ့အန်ကယ်က companyသွားပြီးလေ...အချစ်က ကိုကိုနဲ့အတူမနက်စာစားချင်လို့...နောက်ပြီး မနက်စာကိုလည်း အချစ်ပဲလုပ်ကျွေးမှာ..."
"ဟာ...တကယ်လား...ချစ်လက်ရာဆိုအဝစားပစ်မယ်...ချစ်လိုက်ရတာကွာ...တစ်နေ့ထက်တစ်နေ့အချစ်တွေပိုပိုတိုးလာတယ်..."ရှောင်းကျန့် ခေါင်းလေးထောင်ကာ ရိပေါ်ကိုမော့ကြည့်ပြီး
"ဒါပဲနော် အချစ်တွေပိုတိုးတာပဲမြင်ချင်တယ်...လျော့သွားလို့ကတော့...ဒီမှာ တွေ့လား...လက်သီး...ဟွန့်..."ရှောင်းကျန့်ပြောလည်းပြော ရိပေါ်ကို လက်သီးထောင်ပြသည်။ရိပေါ် ရှောင်းကျန့်လက်သီးလေးကိုဆွဲယူ၍ နှုတ်ခမ်းလေးနဲ့ကပ်လိုက်သည်။
"အဲ့လို ဘယ်တော့မှမဖြစ်စေရဘူး...ကိုကိုရဲ့ချစ်မဝလေးသိဖို့..."ရှောင်းကျန့် ယုန်သွားလေးတွေပေါ်သည်အထိရယ်ပြီးခေါင်းလေးငြိမ့်ပြသည်။ရိပေါ်မှာမူ ရှောင်းကျန့်ရယ်နေတဲ့ပုံလေးကိုကြည့်ပြီး တမေ့တမော...
YOU ARE READING
Please love once in my lifetime 💚❤️(Completed)
AcakZawgyi ငါလူတစ်ယောက်ကို မုန်းပြီးဆိုရင် အဲ့လူက ငါ့အတွက်တော့ သေလူပဲ....ငါချစ်တဲ့မင်းကိုမုန်းချင်တယ်...ဒါမယ့် မုန်းလို့မရခဲ့ဘူး... Xiao Zhan ငါမင်းကိုသဝန်တိုတယ် ရှောင်းကျန့် ကုန်ကုန်ပြောရရင် မင်းကိုတိုက်နေတဲ့လေကအစ ငါသဝန်တိုတယ်..... Wang Yibo သုံးရက်တစ...