[Zawgyi]
ဧကရာဇ်ခွင့်ပြုချက်ရပြီးသွားတဲ့နောက် လော့ဝေ့ကပြုံးပြီး ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်တယ်။
"ကျွန်တော်ဒီနေ့ မင်းသား(၅) နဲ့အတူ မင်းသား(၂) ဆီသွားတွေ့တော့ ကြင်ယာတော်လျှို အရမ်းနေမကောင်းဖြစ်နေတယ်လို့ ကြားခဲ့တယ်"ဧကရာဇ်ရှင်းဝူက ရေနွေးတစ်ငုံသောက်လိုက်တယ် ။
"မင်း သူတို့နဲ့ပတ်သတ်ပြီး စိတ်ရှုပ်ခံစရာမလိုဘူး""မင်းသား(၂) က နိုင်ငံတော်ကိုကာကွယ်ဖို့နဲ့ အရှင်မင်းကြီးရဲ့ စိတ်ဖိစီးမှုအချို့ကို ပခုံးပေါ်တင် တာဝန်ယူပေးချင်လို့ စစ်ပွဲထဲ အမြဲသွားချင်နေတာ... အခုတော့ ကြင်ယာတော်လျှိုက ဖျားနေတော့ သူ့မိသားစုအပေါ် သူ သစ္စာရှိပုံနဲ့ဆို သူမ ဘေးနားကနေ ထွက်သွားနိုင်မှာမဟုတ်ဘူးထင်တာပဲ"
ဧကရာဇ်ရှင်းဝူက ထောက်ခံဟန် အသံပြုပြီး ရေနွေးကြမ်း ဆက်သောက်နေတယ်။ ခဏမျှတွေးတောပြီးနောက်တော့ သူက လော့ဝေ့ကို လှမ်းကြည့်တယ်
"ဝေ့အာ ကျန်းကိုပွင့်ပွင့်လင်းလင်းပြော မင်း နန်းတော်ထဲ နေရတာသဘောမကျဘူးလား"လော့ဝေ့က ဒီကိစ္စတွေမှာ မပါဝင်ချင်တော့တဲ့ အရိပ်အယောင်အချို့နဲ့အတူ ပြုံးလိုက်တယ်။
"ကျွန်တော်မျိုးက အရှင်မင်းကြီးနားမှာ နေလိုပါတယ် ဒါပေမဲ့ နန်းတော်ထဲ ကျွန်တော်နားမလည်တဲ့ ကိစ္စ ဥာဏ်လိုက်မမီတဲ့ ကိစ္စတွေ ရှိသေးတယ်""ဘယ်လိုမျိုးလဲ"
"အဖေက ကျွန်တော့်ကို အမြဲသင်ပေးခဲ့တာက ဒီလောကကြီးမှာ အမည်းကအမည်း အဖြူကအဖြူပဲတဲ့...ဒါပေမဲ့ နန်းတော်ထဲမှာတော့ ဒီနှစ်ခုကို ခွဲခြားလို့မရဘူး"
ဧကရာဇ်ရှင်းဝူကသက်ပြင်းချတယ်။ သူ ဘာကြောင့်မှန်းမသိ လော့ဝေ့က သူ့ဘေးနားမကြီးပြင်းလာဘဲ ဒီလိုကိစ္စရပ်တွေကို အခုမတိုင်ခင်ထိ မထိတွေ့ခဲ့ဖူးတာကို ဝမ်းမြောက်သွားမိတယ်။
နောက်တစ်နေ့ မှာတော့ လုံရွှမ်းက တကယ်ကို စစ်တပ်နဲ့အတူ တိုက်ပွဲဝင်ဖို့ ဧကရာဇ်ဆီခွင့်ပြုချက်လာတောင်းတယ်။ ဧကရာဇ် မျက်ခုံးတွေ ကြုတ်သွားတယ်။
"မင်း ကြင်ယာတော်မယ်တော်က အိပ်ရာထဲလဲနေတာကို ယွမ်ကွမ်းဆီ သွားချင်နေသေးတာလား"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果