[Zawgyi]
စစ်သူကြီးရဲ့စစ်စခန်းထဲက ခမ်းနားတဲ့တဲစခန်းက နာမည်အရသာတဲစခန်းဖြစ်တယ်။ တကယ့်တည်ဆောက်ထားတဲ့ပုံက ခမ်းနားကြီးကျယ်တဲ့ခန်းမကြီးဖြစ်ပြီးအရှေ့ဘက်ခန်းမကတော့ အများဆိုင်ရာကိစ္စများအတွက် အနောက်ခန်းမကတော့ကိုယ်ရေးကိုယ်တာကိစ္စများအတွက်ဖြစ်တယ်။နန်းတော်တော်ဝင်မျိုးဆက်ဖြစ်တဲ့အတွက်လုံရွှမ်းက အလယ်ခေါင်ထိုင်ခုံမှာထိုင်လိုက်တယ်။ စခန်းရဲ့စစ်သူကြီးဖြစ်တဲ့ လော့ဇီကတော့ ညာဘက်အခြမ်းဘက်မှာထိုင်တယ်။
လော့ဝေ့ကကျောင်းကျွမ်းယိနားထိုင်နေတယ်။ ကုဝန်ကြီးဟာ လက်ယာအမတ်မင်းလျှိုမိသားစုနဲ့ အိမ်ထောင်ရေးအရအမျိုးတော်လို့ လက်ယာအမတ်မင်းဘက်မှာပဲရှိတာသဘာဝပဲ။ ဒါပေမဲ့ လက်ဝဲအမတ်မင်းနဲ့ မဟာမိတ်ဖွဲ့ထားတဲ့မြို့တော်ရဲ့အုပ်ချုပ်ရေးမှူး ကျန်းယွမ်စီက ဒီနေ့သူတို့နှစ်ယောက်နဲ့အတူဘာလို့ရောက်လာတာလဲ။ လော့ဝေ့က လုံရွှမ်းကိုတစ်ချက်ခိုးကြည့်လိုက်တယ်။သူ အမဲလိုက်ခရီးကနေပြန်လာစဖြစ်ပြီး လမ်းကြုံလို့ဝင်လာတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ မင်းသား(၂)ဟာ ယွီကျိုးကိုဆုံးရှုံးပြီးကာစ ဧကန္တ လော့ဝေ့ရဲ့ ဒုတိယအစ်ကိုကတစ်ဆင့် လော့မိသားစုကိုပြန်ပြီးအပိုင်ချုပ်ချင်နေတာလား။
လူတိုင်းခုံအသီးသီးမှာထိုင်ပြီးတာမြင်တော့ ကုဝန်ကြီးကလော့ဇီကိုပြောလာတယ်။
"စစ်သူကြီးဆီ ကျုပ် ဒီနေ့ ကျန်းအုပ်ချုပ်ရေးမှူးနဲ့အတူလာရတာက အကြောင်းကိစ္စတစ်ခုရှိလို့ပါ""ခင်ဗျားတို့ခေါ်လာတဲ့မိန်းမနဲ့ပတ်သတ်နေတဲ့ကိစ္စလား"
"သူမကိုအထဲခေါ်လာခဲ့" ကုဝန်ကြီးကသူ့လူတွေကိုအမိန့်ပေးလိုက်တယ်။
ရိုးရှင်းစွာဝတ်ဆင်ထားတဲ့အမျိုးသမီးက ခန်းမထဲရောက်လာတယ်။
" ဝမ်-နဉ်(၁)ကတော် " ကုဝန်ကြီးက မြေပြင်ပေါ်ဒူးထောက်နေတဲ့အမျိုးသမီးကိုညင်သာစွာစကားပြောလိုက်တယ်။
"ဒါကမြို့တော်စခန်းရဲ့စစ်သူကြီးပါ သူ့ကို ခင်ဗျားခံစားထားရတဲ့ဝေဒနာတွေပြောပြလို့ရတယ်"ဝမ်-နဉ်ကတော်က လော့ဇီကိုကြည့်ကာ ချက်ချင်းခေါင်းပြန်ငုံ့လိုက်ပြီး ကြမ်းပြင်နဲ့နဖူးနဲ့တိုက်လိုက်တယ်။သူမကစကားစပြောလာပေမဲ့ အသံကအရမ်းတိုးနေတဲ့အတွက် ထိုင်နေတဲ့လူတွေရှင်းရှင်းလင်းလင်းမကြားရဘူး။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果