[Zawgyi]
လော့ချီ လက်ထပ်ပွဲက ခမ်းနားပြီး ကြီးကျယ်လှတယ်။
ဧည့်သည်တွေက လော့အိမ်တော်ဆီ ဒီနေ့အခါသမယမှာ အစုအပုံရောက်လာကြာပြီး ညစာစားပွဲဟာ ရပ်နားမဲ့အရိပ်အယောင်မရှိဘဲ မနက်အစောပိုင်းထိ ကျင်းပခဲ့တယ်။
လော့ချီက သူ့ညီနှစ်ယောက် သူ့ကို အိပ်ဆောင်ထဲ အတင်းတွန်းပို့ချိန် ရီဝေဝေဖြစ်နေပြီ။
"တာ့ကော၊ အိမ်သူသက်ထားနဲ့ပဲ အချိန်ဖြုန်းပါ"
လော့ဇီက သူ့ရင်ဘတ်ကိုသူ ပုတ်ပြီး လော့ချီကို ကတိပေးလိုက်တယ်။
"ချောင်းကြည့်ဖို့ လုပ်တဲ့ကောင်တွေအကုန် ကျွန်တော့်ကို မကျော်စေရဘူး"လော့ဝေ့ကလည်း တစ်ဖက်မှာ လော့ချီကို ဂုဏ်ပြုပြီး အပြင်ဘက်က ဗရုတ်သုတ်ခတွေကို တားဆီးဖို့ လော့ဇီကို ဆွဲခေါ်သွားလေတယ်။
လော့ချီ အချိန်အတော်ကြာ ပုတီးလိုက်ကာနောက် ရပ်နေပြီးမှ ဆွဲဖွင့်ကာ အတွင်း အိပ်ဆောင်ထဲ လျှောက်လာခဲ့တယ်။
သတို့သမီးဟာ သူမ မင်္ဂလာဆောင် ဝတ်စုံနဲ့ပဲ ဖြစ်နေသေးကာ အိပ်ရာဘေးတိတ်တဆိတ်ထိုင်နေတယ်။
လော့ချီက သိပ်များများစားစား မတွေးတော့ဘဲ သတို့သမီးဆီလျှောက်လာပြီး အနီရောင်ပုဝါကို ဖယ်ကာ ယဉ်ယဉ်ကျေးကျေးတောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ်၊ မင်းကို အချိန်အကြာကြီး စောင့်ခိုင်းမိတယ်၊ ဘယ်လိုလုပ်..."
လော့ချီ ပါးစပ်ထဲကနေ စကားတွေ ဆက်ထွက်မလာနိုင်တော့ဘူး။ သူ သတို့သမီးက ဘယ်လို ရုပ်ရည်လဲဆိုတာ မြင်သွားလေပြီ။ သူတို့က သူမဟာ ကျောက်ကျွင်းရှုလို့ ပြောတယ် မဟုတ်ဘူးလား။ မဟုတ်ဘူး။ ဒါက ယဲ့ရှုပဲ!ယဲ့ရှုက သူမလူ တိတ်ဆိတ်သွားတဲ့အထိ ကြောင်အနေတာကိုကြည့်ကာ ခပ်တိုးတိုးရယ်မိလိုက်တယ်။ သူမက အရမ်းလှပတဲ့ မိန်းကလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမ ရယ်လိုက်တဲ့အဲအပြုံးက လော့ချီမြင်ဖူးသမျှထဲ အလှဆုံးပဲ။
"ရှုလား..."
လော့ချီ အခု သူတကယ်မူးနေတယ်လို့ ထင်နေမိပြီ။ သတို့သမီးက ဘယ်လိုလုပ် ယဲ့ရှုဖြစ်ရတာလဲ။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果