[Zawgyi]
ချီဇိက ပေါင်တင်စားပွဲငယ်လေးတစ်လုံးကိုယူလာပြီးအိပ်ရာပ်ါတင်လိုက်တယ်။ရှောင်ရှောင်က စားပွဲပေါ် ဖယောင်းတိုင်ထွန်းပြီး မှင်ရည် ၊ စုတ်တံနဲ့စာရွက်တွေကိုသူ့နေရာနဲ့သူချလိုက်တယ်။ နှစ်ယောက်သားကနောက်တော့ ထွက်သွားကြတယ် ။
လော့ဝေ့ကစာရွက်ပေါ် စာလုံးနှစ်လုံးကိုရေးကာ ဝေ့လန်ကို သင်ပေးလိုက်တယ်။
"လန် ဒါကငါ့အဖေနာမည် ကျီချိုးတဲ့"ဝေ့လန်ကဂရုတစိုက် လိုက်ကူးရေးရှာတယ်။
"ဒီစုတ်ချက်ကဒီလိုဖြစ်ရမှာ" လော့ဝေ့ကဝေ့လန်လက်ကိုကိုင်ပြီး သူ့ကိုသေချာညွှန်ပြပေးနေတယ်။
ဝေ့လန်ကခေါင်းငုံ့ပြီး စာလုံးပုံစံတွေကိုဆက်လေ့ကျင့်ဖို့အာရုံစိုက်နေတယ်။ စာမျက်နှာ2မျက်နှာအပြည့်ချရေးပြီးနောက်လော့ဝေ့ကိုသူမော့ကြည့်လိုက်တယ်။ သူရေးတာအဆင်ပြေရဲ့လားလို့မေးချင်ပေမဲ့ လော့ဝေ့က ခေါင်းငိုက်စိုက်ကျနေတာမြင်လိုက်ရတယ်။
"သခင်လေး" ဝေ့လန်က သူ့ကိုတံတောင်နဲ့ခပ်ဖြည်းဖြည်းတွန်းလိုက်တယ်။
"ဟမ်" လော့ဝေ့က အိပ်ချင်စုံမွှားနဲ့မျက်လုံးပွင့်လာတယ်။
သူကတစ်နေ့လုံးဟိုဟိုဒီဒီသွားလာနေရပြီး ပင်ပန်းနေခဲ့တာပဲ။"သခင်လေး ပြန်ပြီးအနားယူသင့်နေပြီ" ဝေ့လန်ကအကြံပေးလိုက်တယ်။
"ငါဒီမှာပဲအိပ်လိုက်တော့မယ်" လော့ဝေ့က ထပ်ပြီးမထချင်တော့ဘူး။ ညသန်းခေါင်ကျော်ပြီး အရုဏ်ဦးတက်လုနီးပြီ။ တကယ်လို့သူ့အခန်းကိုသာအခုပြန်ရင် အိပ်ရာခင်းတွေခင်သပြီးသန့်ရှင်းဦးမယ်ဆိုရင် တစ်ရေးတောင်မှေးလိုက်ရမှာမဟုတ်ဘူး။
ဝေ့လန်ကစားပွဲကို မြေကြီးပေါ် ဂရုတစိုက်ရွှေ့လိုက်တယ်။
သူပြန်လှည့်လာချိန် လော့ဝေ့ကထပ်အိပ်မောကျလုနီးပါးဖြစ်နေတာမြင်လိုက်ရတယ်။
"လန်" လော့ဝေ့က ကိုယ်လှိမ့်နေတယ်။
"မင်းလည်းအနားယူသင့်နေပြီ"ဝေ့လန်ကိုယ်တိုင်လည်း လှဲချလိုက်တယ်။ သူ လော့ဝေ့ကိုကောင်းကောင်းနားမလည်သေးဘူး ပြီးတော့ လော့ဝေ့ကသူ့အပေါ်အရမ်းကောင်းပြီး ဘေးကိုမဖယ်ထုတ်တာကိုလည်းနားမလည်ဘူး။ ဒါပေမဲ့ ဝေ့လန်က သူ့အပေါ်ဆက်ဆံတဲ့ပုံတွေ၊ "လန်" လို့ခေါ်ပုံတွေ ၊ သူနဲ့ဟာသလုပ်တာတွေကို သဘောကျတယ်။သူ ဆာလောင်မှုတွေ အရှက်ကွဲမှုတွေကိုထပ်ပြီးသည်းခံစရာမလိုတော့ဘူး။ သူ တကယ့်လူအစစ်လိုနေနိုင်ပြီ။ ဒီခန္ဓာကိုယ်ကဘယ်လောက်ကြာရှည်ခံဦးမလဲမသိပေမဲ့ လော့ဝေ့ဘေး နည်းနည်းပိုကြာကြာထပ်နေချင်တဲ့မျှော်လင့်ချက်လေးထားမိလာတယ်။
ESTÁS LEYENDO
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Ficción históricaမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果