[Zawgyi]
"ကြိုးတွေကိုဖြေပေးလိုက်" ကျန့်ကျင်းဖုန်း စိတ်ပျော့သွားတာမြင်တော့ လော့ဝေ့က ချီဇီကို ကြိုးဖြေခိုင်းလိုက်တယ်။ထို့နောက်ကလေးကိုကျန့်ကျင်းဖုန်းလက်မောင်းထဲထည့်ပေးလိုက်တယ်။
"ခင်ဗျား သူ့ကိုကောင်းကောင်းပျိုးထောင်ထားတာပဲ့ ပါးဖောင်းဖောင်းလေးတွေကသိပ်ချစ်ဖို့ကောင်းတယ်"ကျန့်ကျင်းဖုန်း အမူအရာကင်းမဲ့စွာ သူ့သားကိုချီထားမိတယ်။ အနာဂတ်က သူတို့နှစ်ဦးအတွက်ဘယ်လိုနေမလဲဆိုတာ မသိတော့ဘူး။
ယွီကျိုးရဲ့အုပ်ချုပ်ရေးမှူး ယန်ကျူးကတော့ရူးချင်နေပြီ။ သူ
ကျန့်ကျင်းဖုန်းပျောက်သွားတည်းက ရင်ပူနေရပေမဲ့ ယွီကျိုးကိစ္စစုံစမ်းဖို့ နန်းတွင်းစစ်ဆေးရေးမှူးတစ်ယောက်ရောက်လာတယ်။စစ်ဆေးရေးမှူးရဲ့ စောင့်ကြည့်မှုအောက် သူ ကျန့်ကျင်းဖုန်းကိုလူလွှတ်မရှာရဲ။ ဒါပေမဲ့ အခု ကျန့်အိမ်တော်မီးလောင်သွားသည်သတင်းကြားတော့ ယန်ကျူးထိုင်မနေနိုင်တော့ဘူး။ သူကိုယ်တိုင် လူတစ်စုကို မီးငြှိမ်းရန် ဦးဆောင်လာတယ်။ ကျန့်မိသားစုက သာမန်ပြည်သူတွေနေတဲ့နေရာမှာ နေတာဆိုးတယ်။လမ်းတွေက မတ်စောက်ပြီးကျဉ်းမြောင်းတယ်။အိမ်တော်ပတ်ပတ်လည်ကလမ်းသွယ်တွေတောင် မီးများကိုကြည့်နေသည့်လူတွေနဲ့ပြည့်နေတယ်။ ယန်ကျူးအဖွဲ့ ဘယ်လိုမှတိုးမပေါက်ပေ။လူကြီးမင်းစွမ့်က လမ်းတစ်ဖက်က တည်းခိုဆောင်ရှိ ဧည့်သည်ခန်းမှာစောင့်ကြည့်နေတယ်။သူက စူးရှတဲ့အချက်ပြမှုတစ်ခုကို အသံပြုလိုက်တယ်။ လူတွေကိုအနားမကပ်အောင်ထိန်းထားတဲ့ လူသတ်သမားတွေရော စစ်သားတွေရောက မျက်စိတစ်မှိတ်အတွင်းပျောက်ကုန်တယ်။
ရှိနေတဲ့လူတွေကတော့ကြောင်နေပေမဲ့ စပ်စုချင်တဲ့စိတ်ထဲ သူတို့ရဲ့ပစ္စည်းဥစ္စာတွေကိုပဲပိုပြီးတန်ဖိုးထားတယ်။ မီးက တစ်လမ်းလုံးနီးပါးကိုဖျက်ဆီးသွားလို့တစ်ခြားဟာကိုဂရုစိုက်ဖို့အချိန်တောင်မရှိဘူး။လူတွေက စုပေါင်းလိုက်ကြပြီးနေုက်ဆုံးတော့မီးငြှိမ်းကြတော့တယ်။
မီးတောက်တွေကညကိုတိုက်စားသွားတယ်။
နောက်တစ်နေ့အရုဏ်ဦးတက်ချိန်မှာ မီးငြိမ်းသွားချိန် တစ်လမ်းလုံး ပြာမှုန့်တွေအဖြစ်ပြောင်းလဲသွားတာသိသာတယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果