[Zawgyi]
A/N - Typingအတွက်ကူညီပေးတဲ့ညီမလေးကိုကျေးဇူးပါ😸❤
လော့ဝေ့က ခေါင်းကိုဆက်ငုံ့နေပြီး တော့စာဖတ်နေတယ်။ သူကဒီကိစ္စတွေကို တမင်သက်သက်ပြောလိုက်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်ရှင်းဝူက ချမ်းသာတဲ့အတွက်
ငွေကိစ္စကိုသိပ်ပြီး ဂရုမစိုက်ဘူး။ ဒါပေမယ့် လော့ဝေ့က ဧကရာဇ်ရှင်းဝူက ဒီအတိုင်းသက်တောင့်သက်သာ ထိုင်နေမယ်လို့တော့မထင်ဘူး။
တစ်ယောက်က သူ့ရဲ့ထီးနန်းကိုလုဖို့ကြိုးစားနေတဲ့ချိန်
မှာ သူရဲ့ဝန်ကြီးတွေကို ဒီကိစ္စကိုဖြေရှင်းဖို့အတွက်
လွှတ်ထားမှာ မဟုတ်ဘူး။ လော့ဝေ့ပြောသမျှက မှန်တာမှားတာက အရေးမကြီးဘူး။ ဧကရာဇ်သာဆိုရင် သေချာပေါက် အဆုံးထိ စုံစမ်းမှာပဲ။
သူတို့တွေကနေ့လည်အထိ အတူထိုင်နေခဲ့ကြတယ်။
လော့ဝေ့ ဧကရာဇ်နဲ့အတူ နေ့လည်စာစားခဲ့တယ်။ရှင်းဝူက လော့အိမ်တော်ကို လော့ဝေ့ ဘာကြိုက်လဲဆိုတာကို မေးဖို့တစ်ယောက်ကိုခိုင်းထားတယ်။ သူက ဒီကောင်လေးဟာနောက်ပိုင်းမှာ အသားကိုမကြိုက်ဘူးဆိုတာကိုသိခဲ့
တယ်။ ဒါကြောင့်ဒီနေ့လည်စာက အများအားဖြင့်တော့ ဟင်းသီးဟင်းရွက်တွေပဲ။ နေ့လည်စာစားပြီးနောက်မှာတော့ ဧကရာဇ်ရှင်းဝူက အနားယူတက်တဲ့အကျင့်ရှိတယ်။ လော့ဝေ့လည်းအခွင့်ကောင်းယူပြီးတော့ ဧကရာဇ်ကို မေးလိုက်တယ်။ "အရှင်မင်းကြီး ဧကရီကို သွားကြည့်လို့ရမလား။"
ဧကရာဇ်ရှင်းဝူလည်း ထွက်ခွာခွင့်ပေးလိုက်တယ်။ လော့ဝေ့က ဇာမဏီမေတ္တာခန်းမဆောင်(1)ကို ရောက်ခဲ့တယ်။
လော့ကျီယိက သူ့တူကိုပေါ်ဟွားလိုမျိုး ပစ်ထားတာတော့မဟုတ်ဘူး။ သူအတော်လေးသဘောကျတယ်။ သူရုတ်တရက်ပေါ်လာတဲ့အချိန်မှာ သူမတကယ်ကိုထိတ်လန့်သွားတယ်။ တစ်ခြားသူတွေလိုပဲ သူမရဲ့ညီမလေး လော့ကျီကျင်းက အသက်ပြန်ဝင်လာသလိုတွေးမိတယ်။ သူမသတိပြန်ဝင်လာပြီး သူ့ကိုဘယ်လိုနေလဲလို့မေးဖို့ အနားကိုဆွဲလိုက်တယ်။
လော့ဝေ့က အရင်ကထက်သူများတွေကိုပျော်ရွှင်အောင်လုပ်ဖို့ အရည်အချင်းတွေရှိလာတယ်။ ဟိုဟိုဒီဒီစကားတွေပြောပြီးတော့ ဧကရီဆီကနေပြီးတော့ အပြုံးတွေထွက်လာအောင်လုပ်နိုင်တယ်။ အထဲမှာတော့သူက လော့ကျီယိအတွက် သက်ပြင်းတွေချနေပြီးသား။ သူ့ရဲ့အဒေါ်က သဘောအရမ်းကောင်းပြီးတော့ ပွင့်လင်းလာတယ်။ သူမဒီနန်းတော်ကြီးမှာ နှစ်တွေအများကြီးကြာအောင်ရှိနေတာတောင် သူမရဲ့ဖြူစင်မှုအချို့ကို ထိန်းသိမ်းနိုင်ခဲ့သေးတယ်။
ပြိုင်ပွဲမှာသူမနောက်ဆုံးကြိုးစားတဲ့အနေနဲ့ ကိုယ့်ကိုကိုယ်ထောင်ချောက်ဆင်ခဲ့ပေမယ့် သူမမှာအဲ့လိုအရည်အချင်းတွေမရှိခဲ့ဘူး ဒါကြောင့်သူမရဲ့ နောက်ဆုံးရလဒ်က သူ့မိသားစုဖျက်စီးခံခဲ့ရတာပဲ။ ဧကရီဘွဲ့လည်း ရုတ်သိမ်းခံခဲ့ရတယ်။ ပြီးတော့အအေးနန်းဆောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်။
ဧကရီကိုပျော်အောင်လုပ်ပေးပြီးတဲ့အခါမှာတော့ လော့ဝေ့က နှုတ်ဆက်ပြီးတော့ ထွက်လာခဲ့တယ်။ ဇာမဏီမေတ္တာခန်းမဆောင်ကနေ ခြေလှမ်းနည်းနည်း ထွက်လာချိန်မှာလော့ဝေ့က သူ့ကိုခုနကကြိုခဲ့တဲ့လူကို တိတ်တဆိတ်နှုတ်ဆက်လိုက်တယ်။ ဒီလူက ဇာမဏီမေတ္တာခန်းမဆောင်ရဲ့ ခေါင်ချုပ်ကုန်းကုန်း ရှန်းရှီပဲ။
"အရှင် ကျွန်တော်တို့တွေ သီးသန့်စကားပြောလို့ရတဲ့နေရာလေးတစ်နေရာလောက်သိလား"။
ရှန်းရှီက လော့ဝေ့ကိုတိတ်ဆိတ်ပြီးတော့ လူသူကင်းမဲ့တဲ့နေရာတစ်နေရာဆီ ခေါ်သွားတယ်။ ဘာမှမပြောဘဲနဲ့ လော့ဝေ့ကသူ့ရဲ့ခါးပတ်မှာချိတ်ထားတဲ့ ကျောက်စိမ်းအသုံးအဆောင် ပစ္စည်းကိုယူပြီးတော့ ရှန်းရှီလက်ထဲထည့်ပေးလိုက်တယ်။ "သခင်လေး" ရှန်းရှီကြောင်သွားတယ်။ ပြီးတော့အမြန်ဒူးထောက်လိုက်တယ်။ "ဒီနှိမ့်ကျတဲ့အစေခံက မထိုက်တန်ပါဘူး"။
လော့ဝေ့က ကုန်းပြီးတော့ ရှန်းရှီကိုထိုးပေးလိုက်တယ်။ သူကဒီကုန်းကုန်းကြီးရဲ့ သစ္စာရှိမှုကိုမေးခွန်းထုတ်စရာမလိုဘူး။ အရင်ဘဝတုန်းက ဧကရီ
သူ့လက်နဲ့သူပြန်သေသွားတဲ့အချိန်မှာ
လူတိုင်းကဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့ကြတယ်။
ဒီကုန်းကုန်းကသာ အအေးနန်းဆောင်ကို ရောက်အောင်သွားပြီးတော့ သင့်လျော်တဲ့ အခမ်းအနားလုပ်ပေးပြီး သူ့ရဲ့သခင်မနောက်ကိုလိုက်ဖို့အတွက် ကိုယ့်ကိုကိုယ်အဆိပ်ခတ်ခဲ့တယ်။ သူကစိတ်ဓာတ်ကျလို့ ဒီလိုလုပ်တာမဟုတ်ဘူး။ ထာဝရအလင်းရောင်ခန်းမမှာ သူကအရင်ထဲကနှစ်နှစ်ကျော်အလုပ်လုပ်ခဲ့ဖူးတာကိုကြည့်ရင် ဧကရီရဲ့သေဆုံးမှုကသူ့ရဲ့ရာထူးအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိဘူး။ "သခင်လေး ဘာလို့ဒီလိုလုပ်နေရတာလဲ"။ ရှန်းရှီက လော့ဝေ့ကို ခပ်တိုးတိုးမေးလိုက်တယ်။
"ခင်များဒီကျောက်စိမ်းလေးကို မကြိုက်ဘူးလား"
လော့ဝေ့ကလည်းပြန်မေးလိုက်တယ်။
ရှန်းရှီကအမြန်ပြန်ဖြေလိုက်တယ်။ " ဒီနှိမ့်ကျတဲ့အစေခံက မရဲပါဘူး တကယ်လို့ကျွန်တော်က ဘာမှမလုပ်ရသေးဘဲနဲ့ ဆုတော်ကိုလက်ခံလို့ မဖြစ်နိုင်ပါဘူး"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果