[Zawgyi]
လျှိုဝူရှန်းက စစ်သားတစ်ချို့နဲ့အတူ ရောက်လာခဲ့တယ်။
လော့ချီက အမြဲ ယွမ်ကွမ်းကိုပဲ ကာကွယ်ပြီး အပြင်မထွက်ဖို့ကို တစ်ပြားသားမှ မလျှော့ခဲ့ပေမဲ့ လျှိုဝူရှန်းရဲ့ ပထမဆုံးအကြံက ရင်ဆိုင်ထိပ်တိုက်တွေ့ဖို့ပဲဖြစ်တယ်။လော့ဝေ့က သူတို့ဘေးထိုင်ရင်း စကားတစ်လုံးတောင်မပြောဘဲ သူ့တည်ရှိမှုကို လျော့ပါးသွားအောင် ကြိုးစားနေတယ်။ဒါမှ သူပိုပြီးကျယ်ပြန့်တဲ့ အကြံစည်တွေကို မြင်နိုင်မှာဖြစ်တယ်။ သူ လျှိုဝူရှန်းအဖွဲ့က စိတ်လှုပ်ရှားပြီး သူတို့ရဲ့သူရသတ္တိနဲ့ပတ်သတ်ပြီး ရည်မှတ်းချတ်ကြီးနေတဲ့လမ်းကိုလိုက်ကြည့်တော့ အတော်လေးရယ်ချင်စရာကောင်းတာပဲလို့ တွေးမိသွားတယ်။ လုံရွှမ်းက ပြောဖူးတယ်...လော့ဝေ့က ဒီလောကမှာ အတော်ဆုံး သရုပ်ဆောင်ပဲတဲ့ ဒါပေမဲ့ အမှန်တိုင်းပြောရရင် လုံရွှမ်းရဲ့ လူယုံတော်တွေထဲ သရုပ်ဆောင်ညံ့တဲ့သူတစ်ယောက်မှ မပါဘူး။ ဇာတ်ညွှန်းကရေးပြီးသားမို့ သူတို့က ပြဇာတ်ရဲ့ ညွှန်ကြားချက်နောက်လိုက်ပြီး သရုပ်ဆောင်နေရုံဆိုပေမဲ့ စောက်ရမ်းကိုတော်တဲ့ သရုပ်ဆောင်မှုဖြစ်နေတယ်။
လျှိုဝူရှန်းက စစ်ပွဲထဲချီတက်ဖို့ပဲ အတင်းအကြပ်တောင်းဆိုနေတဲ့အတွက် လော့ချီခမျာရွေးချယ်စရာမရှိ သဘောတူလိုက်ရတယ်။ လျှိုဝူရှန်းက တပ်မှူးမဟုတ်ပေမဲ့ သူက ဧကရာဇ်အမိန့်အောက်က လာတာဖြစ်တယ်။သူ့ရဲ့ အမိအရတိုက်တွန်းခြင်းက ဧကရာဇ်ရဲ့ အမိအရတိုက်တွန်းခြင်းလည်းဖြစ်နိုင်တယ်။ လော့ချီက လော့ဝေ့ကိုခဏခဏ လှမ်းကြည့်ပေမဲ့ လော့ဝေ့ရဲ့တိတ်ဆိတ်မှုကြောင့် ချီတက်ပြီး ရန်သူကို ထိပ်တိုက်တွေ့ရန်မှာ ဧကရာဇ်ရဲ့ စိတ်ဆန္ဒလို့ ခန့်မှန်းလိုက်တယ်။
လော့ဝေ့က သူရောက်ရှိတဲ့နေ့ကစပြီး ၃ရက်လုံးလုံး လော့ချီဘယ်သွားသွား အဖော်ပြုပြီး စစ်သူကြီးတွေနဲ့အရာရှိတွေ စစ်ဗျုဟာတွေ ဆွေးနွေးနေတာကိုကြည့်တယ်။ လျှိုဝူရှန်းက သူတို့ကိုအုပ်စုသုံးစုခွဲပြီး တိုက်ကာ ရန်သူတွေကို ဝိုင်းမယ်ဆိုပြီးအကြံပေးတော့ ပါဝင်တဲ့အရာရှိတွေ၊စစ်သူကြီးတွေအကုန်လုံးရဲ့ ထောက်ခံချက်ကိုရခဲ့တယ်။ လော့ဝေ့ကလည်းတိတ်နေပြီးတော့ လော့ချီကလည်း လော့ဝေ့နားမလည်ရုံလို့တွေးပြီး အများကြီးသိပ်မမေးဘူး။
DU LIEST GERADE
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historische Romaneမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果