အပိုင်း ၁၁၂ ။ လူတစ်ယောက်အားကယ်တင်ခြင်း

3.5K 642 46
                                    

[Zawgyi]

လွန်ခဲ့တဲ့ငါးရက်အတွင်း ဝေ့လန် မြို့တော်ရဲ့ လမ်းကြီးလမ်းသွယ် အဖြာဖြာကို ရှာခဲ့ပြီးပြီ။ လော့ဝေ့က ငါးရက်တိတိပျောက်နေခဲ့တယ်။ သူက အဆုံးသတ်နဲ့တွေ့သွားပြီလို့တောင် ထင်ကြေးပေးနေတဲ့သူတွေ ရှိလေရဲ့။ သူ့ကိုသေစေချင်ပေါက်အောင်လုပ်နိုင်တဲ့ ဒီထင်မြင်ချက်တွေကို ဝေ့လန် နားမျထာင်ချင်တော့ဘူး။ သူအခုလက်ရှိသိတဲ့ တစ်ခုတည်းသေည အရာက လော့ဝေ့ အသက်ရှင်ရင် ရှာတွေ့ရမယ်။ လော့ဝေ့ သေဆုံးသွားခဲ့ရင် အနည်းဆုံးတော့ အလောင်းရှာတွေ့ရမယ်။

လော့ဇီနဲ့ တစ်ဆယ်က ဝေ့လန်ဘေးရပ်နေကြတယ်။ သူတို့က ဆောင်ကြာမြိုင်တွေကြောင့် နာမည်ကြီးတဲ့ လမ်းမှာ သူ့ကို  အဖော်ပြု ရှာပေးနေတာဖြစ်တယ်။ ဒါက တာ့ကျောင်းပြည်နည်မှာ ဆောင်ကြာမြိုင်လမ်းတွေထဲ အကြီးမားဆုံးပဲ။

"ရှောင်ဝေ့က ဒီလိုနေရာမှာ ရှိနေပါ့မလား"
လော့ဇီမေးလိုက်တယ်။ လော့ဝေ့က ငါးရက်တိတိပျောက်နေပြီး လော့အိမ်တော်ကလူတွေအကုန်လုံး ရူးသွပ်လုနီးပါးပဲ။


"ဒီနေရာက လူတစ်ယောက်ကို ဝှက်လို့အကောင်းဆုံးပါပဲ"

"လူမြင်ကွင်းမှာ ဝှက်ထားတာမျိုး" တစ်ဆယ်က သဘောတူလိုက်တယ်။
"ကျွန်တော်တို့ ဒီနေရာတွေကို တစ်ခုပြီးတစ်ခုရှာတာပေါ့၊ ဒါပေမဲ့ သူတို့ကို ခြောက်လှန့်လို့မဖြစ်ဘူး"

လော့ဇီက သူတို့ရှာရမဲ့လူတွေကို ခြုံငုံကြည့်လိုက်တယ်။
"သိပ်တော့မခက်ပါဘူး၊ သန်းခေါင်စာရင်းလာစစ်တယ်လို့ ပြောရုံပဲ"

ဝေ့လန် တစ်ယောက်တည်းသွားရတာသဘောကျလို့ သူတို့ဆီကနေ ထွက်လာခဲ့တယ်။ သူ့မှာ လူတွေကိုရှာဖို့ နည်းလမ်းအမျိုးမျိုးရှိတယ်။

လော့ဇီနဲ့ တစ်ဆယ်လည်း တစ်ယောက်နဲ့တစ်ယောက် လူခွဲရှာကြပြီး မီးအိမ်နီအရပ်ဆီ ဝင်လာခဲ့ကြတယ်။

ဝေ့လန် မြေညီထပ်က ဖွင့်ထားပြီး မီးလင်းနေတဲ့ အခန်းတွေဆီ သွားရှာမနေတော့ဘူး။ သူ့အတွေ့အကြုံအရ လူတစ်ယောက်ကို လျှို့ဝှက်တဲ့နေရာမျိုးမှာ ဝှက်ထားဖို့လိုတဲ့အတွက် သူ မြေအောက်ထပ်တွေနဲ့ လျှို့ဝှက်အခန်းတွေကိုပဲ စစ်ဆေးကြည့်တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now