အပိုင်း ၈၈ ။ စည်းရုံးမှု

4.2K 868 18
                                    

[Zawgyi]

"တတိယသခင်လေး စိုးရိမ်စရာမလိုပါဘူး"
ယဲ့ရှုက လော့ဝေ့စကားမပြောတာမြင်တော့ လိုရင်းကိုပဲ တိုက်ရိုက်ပြောလိုက်တော့တယ်။
"ကျွန်မ ရှင့်တာ့ကောကို စိတ်အနှောင့်အယှက်ပေးမှာမဟုတ်ပါဘူး"

လော့ဝေ့က ချက်ချင်း ပြုံးလိုက်တယ်။
"မိန်းကလေး၊ မင်းအထင်မှားနေပါပြီ၊ ကျွန်တော်မင်းတို့နှစ်ယောက်ကို လမ်းမခွဲချင်ပါဘူး"

"တကယ်လား"
ယဲ့ရှုက သူ့ကိုမယုံကြည်ဘူး။ အမှန်တိုင်းပြောရရင် လော့ဝေ့ မျက်နှာချင်းဆိုင်ကနေ သူ့ကိုစိုက်ကြည့်နေတာက အတော်လေးကို မသက်မသာဖြစ်စေတယ်။

"ကျွန်တော့်တာ့ကောက အရာရာကို မစဉ်းစားမဆင်မခြင် လုပ်တတ်တဲ့သူမဟုတ်ဘူး၊ သူလူတစ်ယောက်ကို သဘောကျရင် တစ်ဘဝလုံးစာအတွက်ပဲ ဖြစ်လိမ့်မယ်၊ ကျွန်တော် မင်းတို့ကိုခွဲချင်ရင်တောင် ခွဲဖို့အစွမ်းရှိမှာ မဟုတ်ဘူး"

လော့ဝေ့ပါးစပ်ထဲကနေ ထိုစကားလုံးတွေထွက်သွားတာနဲ့ ယဲ့ရှုရဲ့ အကြည့်က  ဝမ်းမြောက်သွားပေမဲ့ သူမကအလျင်အမြန်ပဲ အလိုက်သင့်ပြောလိုက်တယ်။
"ကျွန်မ သူ့လမ်းကို မနှောင့်ယှက်ပါဘူး၊ သူ သူ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ မိန်းကလေးကို လက်ထပ်ရင် ကျွန်မ  မနာလိုဝန်တိုဖြစ်မှာ မဟုတ်ပါဘူး၊ သူနဲ့ပဲ ရှိနေချင်တာပါ"

လော့ဝေ့က ခေါင်းညိတ်လိုက်တယ်။
"မင်းတို့နှစ်ယောက်ကို သင့်တင့်လျောက်ပတ်စွာနဲ့ လက်ထပ်စေနိုင်မဲ့ အစီအစဉ်တစ်ခုရှိတယ်၊ ဒါပေမဲ့ မိန်းကလေးယဲ့ ကျွန်တော့်ကို ယုံကြည်ပါ့မလားမသိဘူး"

"သခင်လေးမှာ ဘာအတွေးရှိတာပါလိမ့်"

"ဒါက အဆင့်အတန်းနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကိစ္စရပ်ပဲလေ၊ လှည့်ကွက်လေး နည်းနည်းနဲ့ ဟိုဟိုဒီဒီဖြေရှင်းဖို့ ဆိုးဆိုးရွားရွား ခဲယဉ်းလှတာတော့ မဟုတ်ဘူး"

'လှည့်ကွက်' ဆိုတဲ့စကားကို လော့ဝေ့ ထုတ်ပြောတာကြားကြားချင်း သူမက ခေါင်းခါလိုက်တယ်။
"ဟင့်အင်း၊ ရှင့်တာ့ကောက သဘောတူမှာမဟုတ်ဘူး"

လော့ဝေ့ကလည်း အပြုံးတစ်ခုနဲ့ ခေါင်းယမ်းလိုက်တယ်။ လော့ချီက အင်မတန်ရိုးသားပြီး ဖြောင့်မတ်လွန်းတယ်။ အရင်ဘဝတုန်းက ဒီလက်ထပ်ပွဲကို သူလွဲချော်ခဲ့ရခြင်းအကြောင်းရင်းပဲ။
"မိန်းကလေးယဲ့၊ တိုင်းပြည်ဥပဒေနဲ့ဆန့်ကျင်တဲ့ ဘာအလုပ်ကိုမှမလုပ်ဘူးဆိုတာတော့ ကျွန်တော် အပြည့်အဝ ကတိပေးနိုင်ပါတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon