[Zawgyi]
"ညီနောင်ထင်းချောင်!" လော့ဝေ့ဟာခြံဝန်းကနေမထွက်နိုင်သေးခင် လူတစ်ယောက်အပြင်ကနေအော်နေတာကြားလိုက်ရတယ်။
သူ လော့ထင်းချောင်ကိုကြည့်လိုက်တယ်။
လော့ထင်းချောင်က ဘယ်သူပဲဖြစ်ဖြစ်ရပ်လိုက်ဖို့ အမိန့်ပေးမလို့ပဲရှိသေး ကိုယ်ခန္ဓာထောင်ထောင်မောင်းမောင်း ရုပ်ကြမ်းကြီးနဲ့ လူတစ်ယောက်က တံခါးတွေကိုဖြတ်ပြီးလာတယ်။လျှို့ဝှက်ကိုယ်ရံတော်ငါးယောက်ကချက်ချင်းပေါ်လာပြီး လော့ဝေ့ပတ်ပတ်လည် ကာထားလိုက်ကြတယ်။
အဲလူက လော့ဝေ့ကို တစ်ချက်ကြည့်ပြီး တဏှာစိတ်နဲ့ လော့ထင်းချောင်ကိုရီပြလိုက်တယ်။
"တစ်မနက်လုံးရှာလို့မရဘူးမှတ်နေတာ တကယ်တော့...""တော်တော့!" လော့ထင်းချောင်ကအော်လိုက်တယ်။
"ညီနောင်ချန်း အခု အိမ်ပြန်လိုက်ပါတော့ ကျုပ်မှာ ကိစ္စအချို့ရှိသေးတယ်""ကျုပ်လည်းမင်းနဲ့ကိစ္စရှိလို့" ချန်း မျိုးရိုးနာမည်နဲ့ လူကြီးကေပြောလိုက်တယ်။
"မင်း ကျုပ်ကို မနေ့ကဘာကောင်ပေးလိုက်တာလဲ"အဲအချိန်မှာပဲ စံအိမ်ရဲ့ အစေခံတစ်စုက ကိုယ်တုံးလုံးနဲ့လူတစ်ယောက်ကို သူတို့ရှေ့တကယ်ဆွဲခေါ်လာတယ်။
"တကယ်ကိုအသုံးမဝင်တာ " လူကြီးကအော်လိုက်တယ်။
"သူ မနေ့ညက ငါးခါခြောက်ခါလောက်သတိလစ်သွားသေးတယ် ပြီးတော့အဆုံးကျတော့လည်း သူ့ကိုယ်ထဲကနေအတင်းထုတ်ဖို့ကြိုးစားသေးတယ် နားထောင် ထင်းချောင် မင်းရဲ့ အရိပ်ကိုယ်ရံတော်တွေကတဖြည်းဖြည်းဆိုးသထက်ဆိုးလာပြီ! ကျူပ်တကယ်စိတ်ပျက်တယ်!"လူကြီးက လော့ထင်းချောင်အမူအရာကိုတောင်မကြည့်ဘဲ ဆဲပဲဆဲနေတယ် ။ သူဆဲတာကြာလာတာနဲ့အမျှပိုပြီးနားမခံနိုင်သာစရာတွေပါလာတယ်။
လော့ဝေ့က မြေကြီးပေါ်ကလူကိုကြည့်လိုက်တယ်။ သူ့ဆံနွယ်ရှည်တွေက မျက်နှာပေါ်မှာရှုပ်ထွေးနေပြီးသူ့မျက်နှာအစိတ်အပိုင်းတွေကိုဖုံးကွယ်ထားတယ်။ အဲလူက ကွေးနေပြီး တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေအမှတ်အသားတွေနဲ့ မည်းပြာနေတယ်။လော့ဝေ့တစ်ချက်ကြည့်ရုံနဲံ ဒီအရိပ်ကိုယ်ရံတော်ဟာ ဘယ်လောက် နှိပ်စက်မှုခံစားခဲ့ရလဲသိတယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果