[Zawgyi]
အပိုင်း ၁၃၂ ။ ခုနှစ်နှစ်တည်းသာ
"ကြည့်ရတာ အဆုံးသတ်မှာတော့ ကျွန်တော်သူ့ကိုနာကျင်စေမဲ့ပုံပါပဲ"
လော့ဝေ့က ဝေ့လန်ကို လှမ်းကြည့်လိုက်တယ်။"သူ့ကံကောင်းမှု၊ ကံဆိုးမှုဆိုတာဟာ သခင်လေး ပြောင်းလဲပစ်လို့ရတဲ့အရာမျိုးမှ မဟုတ်ပေပဲ၊ ရေကိုသောက်နေတဲ့သူမှပဲ ပူလားအေးလားသိနိုင်တယ်၊ သခင်လေး အရမ်းကြီးအလျင်စလို ကောက်ချက်ချလို့မရနိုင်ဘူး"
လော့ဝေ့ရဲ့ ခံစားချက်တွေက ကသောင်းကနင်းဖြစ်နေတယ်။ သူ ဝေ့လန်အကြောင်း ထပ်မပြောဖို့ ဆုံးဖြတ်လိုက်ပြီး မင်းဆရာကြီးကိုမေးလိုက်တယ်။
"လူတိုင်းကပြောတယ်၊ တာ့ရှီးက လူတစ်ယောက်ရဲ့ အတိတ်ဘဝကိုမြင်နိုင်ပြီး အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်တဲ့၊ တာ့ရှီး ကျွန်တော့်အတိတ်ဘဝကိုများ သိသလားသိချင်မိလို့ပါ"
လော့ဝေ့ ဒီစကားလုံးတွေထုတ်ပြောပြီးနောက်ပိုင်း ကယောင်ခြောက်ခြားစွာနဲ့ မင်းဆရာကြီးဖုယီအဖြေကို စောင့်မျှော်နေမိတယ်။မင်းဆရာကြီးဖုယီက လော့ဝေ့ကို အချိန်အတော်ကြာ စိုက်သာကြည့်နေခဲ့တယ်။
"တာ့ရှီး.."
လော့ဝေ့က မင်းဆရာကြီး စိုက်ကြည့်နေမှုကြောင့် ပိုပြီးစိုးထိတ်လာတယ်။"ဒီဘုန်းတော်ကြီးမှာ အဲလိုအစွမ်းမရှိပါဘူး"
တာ့ရှီးဖုယီက လော့ဝေ့စိတ်မအေးနိုင်ဖြစ်နေတာကိုမြင်မှသာ ပါးစပ်ဟလာခဲ့တယ်။လော့ဝေ့ အဲမှာထိုင်ရင်း အနည်းငယ်ကြောင်အသွားတယ်။ သူ့ကို ဒီတစ်ချိန်လုံးစောင့်ကြည့်ပြီးတော့ တစ်ခုတည်းသော တုံ့ပြန်မှုက ဒါပဲတဲ့လား။
"မဖြစ်နိုင်တာ!" စိတ်လှုပ်ရှားသွားမှုကြောင့် လော့ဝေ့က ရုတ်တရက် ထိုင်ခုံကနေထလာပြီး အသံမြှင့်မိသွားတယ်။"သခင်လေး" ဝေ့လန်က အခန်းထဲကနေ အသံကြားရပြီး တစ်စုံတစ်ရာလွဲနေမှန်း သတိထားမိသွားတယ်။ အထဲမှာထိုင်နေတာက တော်ဝင်မင်းဆရာပုရောဟိတ်ကြီးဆိုတာ ဂရုမစိုက်တော့ဘဲ အထဲ ပြေးဝင်လာခဲ့တယ်။
လော့ဝေ့က ဝေ့လန်ကိုမြင်တော့ ခဏတာကြောင်နေပေမဲ့ သူ ပြုမူတာ မသင့်တော်ကြောင်း သဘောပေါက်သွားခဲ့တယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果