အပိုင်း ၁၇၃ ။ အမေဘက်မှဦးလေးအားဆုံးမခြင်း

1.8K 275 3
                                    

[Zawgyi]

အပိုင်း ၁၇၃ ။ အမေဘက်မှဦးလေးအားဆုံးမခြင်း

စွင့်လီထွက်သွားပြီးတဲ့နောက် လော့ဝေ့က ဝေ့လန်ကို အခန်းထဲ ဝင်ခွင့်ပြုပြီး ဘဏ်စာရွက်၁၀ရွက်ကို စုခိုင်းလိုက်တယ်။ သူကိုယ်တိုင်ကတော့ စာကြည့်စားပွဲနောက် ထိုင်နေတယ်။ သူစီမာ့ချင်းရှစာကိုဖတ်ပြီးတည်းက သူ့စိတ်က 'နှင်းနက်မြို့' ဆိုတဲ့စကားသုံးလုံးနဲ့ပဲ ပြည့်နေတယ်။

နှင်းနက်မြို့က မြောက်ပိုင်းယန်ကနေ တာ့ကျောင်းဆီတောင်ဘက်ကိုသွားဖို့ ဖြတ်ကိုဖြတ်ရမဲ့ လမ်းဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ဒါက တာ့ကျောင်းရဲ့ နယ်စပ်ပေါ်ခုခံကာကွယ်ရေး အနေအထား​ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ရာစုနှစ်က ယန်နဲ့ကျောင်းစစ်ပွဲပြီးတဲ့နော်က နှင်းနက်မြို့ဟာ မြောက်ပိုင်းယန်ရဲ့ အဓိကကျတဲ့တောင်ပိုင်းထောက်ပံ့မှုဗဟိုဖြစ်လာခဲ့တယ်။ ကြားနှစ်တွေမှာ နှင်းနက်မြို့တော်ကိုပြန်လည်ရယူဖို့ တာ့ကျောင်းစစ်သူကြီးတွေ စစ်သားတွေ အဲ မြို့ရဲ့ သဲဝါတွေကြားထဲ အလောင်းဘယ်နှစ်လောင်းလောက်များ ပျောက်ဆုံးသွားခဲ့ပြီလဲ။ အတိတ်ဘဝမှာတုန်းက အဲဒီနေရာက ယွမ်ကွမ်းစစ်တပ် ချေမှုန်းခံခဲ့ရပြီး သူ့အစ်ကိုလော့ချီသေဆုံးခဲ့တဲ့နေရာဖြစ်တယ်။ လုံရွှမ်းထီးနန်းရချိန် နဉ်ဖေး တပ်မှူးချုပ်ဖြစ်ပြီး သောင်းနဲ့ချီ လူအရိုးတွေ နှင်းနက်မြို့ထဲစတေးခဲ့ရတာတောင် အဲမြို့က တစ်လတည်းပဲ လက်ထဲ ပြန်လည်ရောက်ရှိလာခဲ့တယ်။ ပြီးတဲ့နောက် ကျောင်းစစ်တပ်က ခုခံဖို့အစွမ်းမရှိတော့အတွက် အဲဒီမြို့က နှင်းနက်မြင်းတပ်ရဲ့ထိုးစစ်ကိုခံခဲ့ရပြန်တယ်။

လော့ဝေ့ တစ်ခါတုန်းကတော့ ဘာကြောင့် ဒီနှစ်ပေါင်းတစ်ရာအတွင်း တာ့ကျောင်းပြည့်ရှင်မင်းတစ်ဆက်ပြီးတစ်ဆက် နှင်းနက်မြို့ကို အမြစ်ပြတ်ဆွဲနုတ်ချင်သလဲ နားမလည်ခဲ့ဘူး။ ဒီဘဝမှာတော့ ဧကရာဇ်ရှင်းဝူရဲ့စာရေးစားပွဲပေါ်က နှင်းနက်မြို့မြေပုံကိုမြင်ခဲ့ပြီးပြီ။ အဲတော့မှပဲအဲဒါက ကတုပ်အဖြစ်နဲ့မြို့နံရံဆိုတာသိခဲ့ရတယ်။ မြို့အတွင်းပိုင်းမှာက သစ်ပင်တွေတန်းနေပြီး ကျယ်ပြောတဲ့ မြေသြဇာအထွက်ကောင်းတဲ့ မြေပြင်ပဲ။ မြို့အပြင်မှာကတော့ အဟန့်အတားမရှိတဲ့ သဲဝါပြင်ကြီးရှိနေတယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now