[Zawgyi]
"ဝေ့အာက ကျန်းကို မုန်းသွားလိမ့်မယ်"
ဧကရာဇ်က မယ်တော်ကြီးကိစ္စဖြေရှင်းပြီးနောက် လော့ကျီကျိုးကိုပြောလိုက်တယ်။
"သူ ကျန်းကိုမုန်းသွားမှာမျိုး မလိုချင်ဘူး"ဒါပေမဲ့ လော့ကျီချိုးကတော့ တခြားအခြင်းအရာကို စိုးရိမ်နေတာဖြစ်တယ်။ လော့ဝေ့သာ သူမင်းသားဆိုတာသိရင် လော့ဝေ့ ဘာလုပ်မလဲ မစဉ်းစားရဲဘူး။ ထီးနန်းဆိုတာ ကြီးမားလှတဲ့ ဆွဲဆောင်မှုကြီးပဲ။ လော့ဝေ့သာ အဲထိုင်ခုံပေါ်ထိုင်ချင်တယ်ဆိုရင် လော့မိသားစုက ဘယ်သူ့ကိုရွေးရမလဲ။ လုံယွီလား။ လော့ဝေ့လား။ လော့ကျီကျင်းကလည်း သူ့ညီမဖြစ်သလို လော့ကျီယိကလည်း သူ့ညီမဖြစ်တယ်! လော့ဝေ့ရဲ့ ဥာဏ်ကောင်းမှုနဲ့ နိုင်ငံရေး ကစားကွက်တွေကြား လုံယွီက တကယ့်ပြိုင်ဘက်အစစ်တောင် ဟုတ်ရဲ့လား။ လော့ကျီချိုးကတော့ အရာအားလုံး အရင်အတိုင်းဖြစ်နေဖို့ပဲ မျှော်လင့်တယ်။
ရှောင်ရှောင်က နောက်ထပ်ဆန်ပြုတ်တစ်ပန်းကန်ယူလာပေမဲ့ လော့ဝေ့ကတော့ ခေါင်းမာမာနဲ့ငြင်းပြီး ခေါင်းကိုသာယမ်းနေတယ်။
လော့ကျီချိုးက လော့ဝေ့ကို အိပ်ရာမှာသေချာသိပ်လိုက်တယ်။
"သမားတော်ကပြောတယ်၊ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပြီး သက်သာအောင်လုပ်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်တဲ့၊ ဝေ့အာ၊ ပြန်သက်သာလာဖို့ပဲ အာရုံစိုက်၊ တခြားအကြောင်းတွေအများကြီး မစဉ်းစားနဲ့၊ အားလုံးက မင်းသက်သာလာတဲအထိ စောင့်လို့ရတယ်""အဲဒီ... အဲဒီ ဆောင်ကြာမြိုင်..."
"အရှင်မင်းကြီးက အမိန့်တော်ချပြီးပြီ၊ အဲမှာရှိသမျှလူတိုင်း ကွပ်မျက်ဖို့" လော့ကျီချိုးက လော့ဝေ့မေးခွန်းမေးပြီးတာကို မစောင့်ဘဲ ဖြတ်ပြောလိုက်တယ်။
"ဘာတွေဖြစ်ခဲ့သလဲ ဘယ်သူမှ သိမှာမဟုတ်ဘူး"လော့ဝေ့က ထပ်ပြီးမေးလိုက်တယ်။
"အဲ ကူလျှို့ဆိုတဲ့နာမည်နဲ့ တစ်ယောက်ရောသေပြီလား""ဘယ်သူက ကူလျှို့လဲ"
လော့ဝေ့က တုံ့ဆိုင်းနေတယ်။
"ကျွန်တော့်ကို နှိပ်စက်တဲ့သူ"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果