Love And Twists Chapter(2)

821 102 0
                                    

Jaemin's Pov

Renjunကိုကသူ့Doyoung hyungလာခေါ်သွားလို့ဒီညနေတော့ကျနော်တစ်ယောက်ထဲကျောင်းကပြန်လာရတယ်။အိမ်တန်းမပြန်ချင်သေးတော့Libraryတစ်ခုမှာစာဝင်လုပ်နေလိုက်တယ်။ဘာပဲဖြစ်ဖြစ်အထက်တန်းနောက်ဆုံးနှစ်မို့စာပိုကြိုးစားမှဖြစ်တော့မယ်လေ။ည၈နာရီတောင်ကျော်သွားပြီဖြစ်တော့ကျနော်အိမ်ပြန်လာခဲ့တယ်။
တိုက်ခန်းအဝရောက်တော့ကျနော့်အစ်ကိုJaehyunနဲ့ဆုံတော့တာပဲ

"hyung ဒီညdutyလား"

"ဟုတ်တယ် ငယ်လေးရေ hyung ညစာပြင်ထားခဲ့တယ် စားဖြစ်အောင်စားနော် အော် ပြီးတော့Jenoလည်းလာသွားသေးတယ် လွယ်အိတ်ချပြီးခဏနေတော့ပြန်ထွက်သွားတယ် အပြင်သွားစရာရှိလို့ဆိုပဲ"

"ဟုတ်"

"ဒါဆိုhyungသွားပြီနော်"

"ဂရုစိုက်ပြီးသွားနော်hyung"

ကျနော့်hyungကအလုပ်သင်ဆရာဝန်ပေါက်စဆိုတော့ညdutyဆင်းရတာနဲ့အလုပ်ရှုပ်နေတော့တာပဲ။အလုပ်ရှုပ်ရတဲ့ကြားထဲအချိန်ပိုင်းအလုပ်တွေပါလုပ်ပြီးကျနော်လိုလေသေးမရှိအောင်ထားတဲ့hyung။မိဘတွေမရှိတော့တဲ့ကျနော်တို့ညီအစ်ကိုမှာhyungကပဲကျနော့်အတွက်မိဘနေရာရောအစ်ကိုနေရာပါတာဝန်ယူခဲ့တယ်။ဒါကြောင့်ကျနော့်ဘဝမှာအရေးအပါဆုံးကhyungပဲ။ပြီးတော့Jenoရောပေါ့...

အိမ်ထဲဝင်လာတော့hyungပြင်ထားတဲ့ညစာစားပြီးမှတစ်ခါထဲအခန်းထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေ့စိတ်ရောကိုယ်ရောပင်ပန်းနေလို့ကျနော်နောက်တစ်ခေါက်အပြင်ထွက်မလာချင်တော့ဘူး။

အခန်းထဲဝင်လာတော့ကုတင်ပေါ်မှာရောက်နှင့်နေတဲ့Jenoလွယ်အိတ်အမည်းလေး။မနှစ်ကကျနော်မွေးနေ့လက်ဆောင်ပေးတဲ့အိတ်လေးပေါ့။လွယ်အိတ်လေးကိုကုတင်ပေါ်ကနေ စာကြည့်စားပွဲကိုတင်လိုက်တော့ စားပွဲပေါ်မှာsticknoteနဲ့ရေးထားတဲ့စာလေးတစ်စောင်တွေ့လိုက်တယ်။

~NaNa ah ငါအတတ်နိုင်ဆုံးစောစောပြန်ခဲ့မယ်နော် ပြီးတော့မင်းကြိုက်တဲ့ Lolli popလေးလည်းဝယ်ခဲ့မယ် ထိုင်မစောင့်နေနဲ့နော် ငါနောက်ကျရင်မင်းအိပ်ရေးပျက်နေမယ်။ သော့အပိုတစ်ချောင်းJaehyun hyungဆီကတောင်းခဲ့တာမို့လို့ငါ့ဘာသာဝင်ခဲ့လို့ရတယ်~

Love And Twists (Completed)Where stories live. Discover now