Love And Twists Chapter(7)

752 82 0
                                    

Jaemin Jenoကိုရှောင်နေတာ၂ပတ်လောက်ရှိပြီ။သူအိမ်လာမယ်လို့ပြောရင်ဒီညHaechanအိမ်မှာအိပ်မယ်ပြောလိုက်Renjunအိမ်မှာအိပ်မယ်ပြောလိုက်လုပ်နေတာ။တကယ်ပဲJenoမနေနိုင်တော့ဘူး။Jaeminဆီမှာပဲသူ့စိတ်တွေရောက်နေတော့သူYerinကိုလည်းဂရုမစိုက်နိုင်တာကြာပြီ။messageပို့လို့ပြန်ပို့တာကလွဲရင်ဖုန်းလည်းမပြောဖြစ် အပြင်မှာလည်းမတွေ့ဖြစ်။

"Haechan ah Nanaငါ့ကိုရှောင်နေတယ်ကွာ ဘာလို့လဲမသိဘူး"

"ငါလည်းသတိတော့ထားမိတယ် Jaemin အခုတလောတမျိုးပဲ"

"Renjunတော့သိမလားမသိဘူး"

"ပြောမရဘူးကွာ ဂျပုကJaeminနဲ့ငါ့ထက်တောင်ပိုရင်းနှီး.... အား....Hwang Renjunနာတယ်ဟ"

"​ပြောဦးလေ ငါ့ကိုဂျပုလို့"

Haechanပြောနေတုန်းRenjunအနောက်ကရောက်လာပြီးခေါင်းကိုကတ်ထူစာအုပ်ကြီးနဲ့ရိုက်ချလိုက်တာပဲ။သူတို့အဖြစ်ကိုကြည့်ရင်းJenoပြုံးမိပါသည်။

"Renjun ah မင်းသိတယ်မလားဟင်
ငါ့ကိုပြောပြပါကွာ"

"သိရင်ပြောပြလိုက်ပါကွာ Lee Jenoတော်တော်အပူမိနေတာ"

ဒါဆိုဘာလို့Nanaကိုအဲ့လိုပြောသေးလဲလို့သာအော်ပစ်ချင်သည်။Renjunတစ်ချက်ကြည့်တော့လည်းJenoကတကယ်စိတ်ညစ်နေပုံရသည်။Jenoကလိမ်တတ်တဲ့သူမဟုတ်ဘူး။ဒါဆိုPark Yerinကလုပ်ကြံနေတာလား။Renjunတကယ်ခေါင်းရှုပ်သွားပါသည်။

"မသိဘူးလေကွာ Jenoကလည်းမင်းတောင်မသိတာငါကဘယ်လိုသိမှာလဲ ...ကဲ အခုတော့ဗိုက်ဆာ​နေပြီ ကန်တင်းသွားကြမယ်"

"အမလေးအဲ့လိုပြောမှာကိုစောင့်နေတာကြာပြီ"

Haechanကတော့အတိုင်အပေါက်ညီညီပဲလိုက်သွားသည်။

"ငါမလိုက်တော့ဘူးနော် အိပ်ချင်နေလို့အိမ်ပဲစောစောပြန်တော့မယ်"

Jenoစိတ်ညစ်ညစ်နဲ့အိမ်​ပြန်သွားတော့သည်။
......💚

"Renjun မင်းသိနေတယ်ဆိုတာငါသိတယ်နော်"

"ဘာ...ဘာကိုလဲ"

'Jaemin Jenoကိုရှောင်တဲ့ကိစ္စလေ
ပြောကွာ မင်းကဘာလဲ ငါ့ကိုတောင်မပြောပြဘူးလား"

Love And Twists (Completed)Where stories live. Discover now