မနက်စောစောမှာရင်းနှီးတဲ့အစ်မတစ်ယောက်ကကနေဒါကသူ့အသိတစ်ယောက်ကိုလူကြုံပေးလိုက်ချင်တယ်ဆိုတဲ့ပစ္စည်းကိုသွားယူပြီးနောက်
Jaeminတိုက်ခန်းစီပြန်လာခဲ့သည်။"Jaemin ah"
တံခါးဖွင့်မယ်အလုပ်မှာကြားလိုက်ရတဲ့အသံတစ်ခုနဲ့အတူနှာခေါင်းထဲထောင်းခနဲဝင်လာတဲ့အရက်နံ့ကြောင့်Jaemin နှာခေါင်းရှုံ့မိသည်။
"Jaemin လာသွားမယ်"
"ဟာ...Jeno ဘာလုပ်တာလဲ"
ချက်ချင်းလာပြီး ချက်ချင်းလက်ကိုဆွဲခေါ်သွားတဲ့Jenoကြောင့် သူအထုပ်လေးကိုင်လျက်နဲ့ပါသွားရသည်။
Jenoသူ့လက်ကိုလွှတ်တဲ့အချိန်မှာ နှစ်ယောက်လုံးကားပေါ်ရောက်နှင့်နေပြီ။
"Jeno မင်းဘယ်သွားနေတာလဲ
အခုကားရပ်လိုက်
ငါညနေကျရင် လေဆိပ်သွားရတော့မှာနော်""လေဆိပ်ကဘာလို့သွားမှာလဲ
သွားစရာမှမလိုတော့ဘဲ"ပေတေတေပုံနဲ့စပ်ဖြဲဖြဲဖြစ်နေတဲ့Jenoမျက်နှာကြောင့် Jaeminပိုစိတ်တိုသွားသည်။
"Jeno ငါတံခါးဖွင့်ပြီးခုန်ဆင်းလိုက်မှာနော်
မင်းပြောင်စပ်စပ်လုပ်မနေနဲ့""မခုန်တော့မခုန်ပါနဲ့ကွာ
ခဏလေးပါ Nanaကလဲ"ကားမောင်းနေရင်း လက်တစ်ဖက်နဲ့သူ့လက်ကိုလာကိုင်တဲ့Jeno။
"ငါအခုသွားနေတာ တရားရုံးလေ မင်းနဲ့လက်ထပ်ဖို့"
Jenoကစကားပြောဖို့ကားကိုလမ်းဘေးချရပ်လိုက်သည်။
"ဘာ! မင်းဘာတွေလျှောက်လုပ်နေတာလဲ
သဘက်ခါကမင်းလက်ထပ်ပွဲနော်
Nayoungကိုလည်းအားနာဦး""ဘာလို့အားနာရမှာ?"
"မင်းနဲ့လက်ထပ်မယ့်မိန်းကလေးလေ
မင်းဒီလို့လုပ်လိုက်တာသူဘယ်လိုခံစားရမလဲ""Nana ငါတို့နောက်ဆို တခြားသူတွေအတွက် မတွေးဘဲ ကိုယ့်အတွက်ပဲကိုယ်တွေးကြရအောင်ကွာ"
"ဒါပေမယ့် Nayoungက"
'Nayoungကိုယ်တိုင်နောက်ဆုတ်ပေးလိုက်တာ"
"ဘယ်လို?"
"ဟုတ်တယ် သူကတို့နှစ်ယောက်အကြောင်းသိသွားပြီး အရင်ထဲကစိတ်ထားကောင်းတဲ့သူဆိုတော့ ကိုယ်တို့အတွက် အနစ်နာခံပေးလိုက်တာ"
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....