"အန်ကယ် ကျနော်ရောက်ပါပြီ"
"အော်...အေးအေး Jaemin
ထိုင်ပါဦး""ဘာပြောမလို့လဲ မသိဘူးဗျ"
"Jaemin...ဒီရက်ပိုင်းအန်ကယ့်သားနဲ့တွေ့ဖြစ်လား"
"မတွေ့ဖြစ်ဘူးအန်ကယ်...ဒါပေ..."
"အန်ကယ်ကြားတာတော့မင်းကသူဌေးကြီးတစ်ယောက်ရဲ့မြေးနဲ့လက်ထပ်တော့မယ်ဆိုလား..."
"အာ...အဲ့ကိစ္စကကျနော်ဖြေရှင်းပြီးပါပြီ
ကျနော့်မှာJenoပဲရှိပါတယ် အန်ကယ်"Jaeminကထိုစကားပြောလိုက်တော့Mr.LeeကJaeminကိုစူးစိုက်ကြည့်နေသည်။
"ဒါနဲ့...အန်ကယ်ဆေးရုံတက်ရသေးတယ်ဆိုတာသိလား"
"တကယ်လားအန်ကယ်...hyungပြောတာကြားမိပေမယ့်Jenoကလည်းဘာမှမပြောတော့"
"Jenoဒီကိစ္စကိုမသိဘူး"
"အော်...ဘာပဲဖြစ်ဖြစ်အန်ကယ်ကျန်းမာရေးကောင်းသွားလို့တော်ပါသေးတယ်"
"အန်ကယ်ဘာကြောင့်ဆေးရုံတက်ရလဲမသိချင်တော့ဘူးလား"
"ဗျာ?"
"Jaemin သေချာပေါက်သိရမယ်ထင်တယ်နော်"
"...."
Mr.Leeရဲ့အကြည့်စူးစူးတွေနဲ့ပြောလာတဲ့စကားကြောင့်Jaeminရုတ်တရက်နေရခက်လာသည်။
"ဒီပုံထဲကသူတွေကိုသိလား"
စားပွဲကနေတဆင့်သူ့ဘက်ကိုတွန်းပေးလာတဲ့ဓာတ်ပုံကိုJaeminယူကြည့်လိုက်သည်။
သိသည်။ပုံထဲကသူတွေကိုသိသည်။ဒါပေမယ့်ပါးစပ်ကနေထုတ်ပြောချင်တဲ့သူတွေမဟုတ်။
"အဲ့ဒါ...Jaeminရဲ့ အဒေါ်နဲ့သူ့ယောကျ်ားမဟုတ်လား"
ဓာတ်ပုံတွေကြည့်ပြီးတိတ်သွားတဲ့သူ့ကိုMr.Leeဘက်ကပဲစကားစလိုက်သည်။
"ဟုတ်ပါတယ်... အန်ကယ်
သွေးသားအရပဲတော်စပ်ရုံကလွဲရင်ကျနော်တို့ကဘာမှမဆိုင်ဘူး""ဘာပဲဖြစ်ဖြစ် မင်းအဒေါ်ပဲမဟုတ်လား"
Mr.Leeကဒီဓာတ်ပုံပြရတာနဲ့ဒီလိုပြောရတာတွေဟာဘာကိုရည်ရွယ်ချင်မှန်းသူမသိတော့။
"အန်ကယ်ဆေးရုံတက်ရတယ်ဆိုတာ ပုံမှန်နေမကောင်းလို့မဟုတ်ဘဲ လူတစ်ချို့ရဲ့လုပ်ကြံမှုကြောင့်ပဲ Jaemin"
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....