Love And Twists Chapter(26)

664 77 6
                                    

ဒီနေ့ကရုံးပိတ်ရက်စနေနေ့ဖြစ်သည်။
ညကအလုပ်မှာအရှိန်ရရင်းမနက်3နာရီလောက်မှအိပ်ဖြစ်တော့ အခု၁၀နာရီကျော်မှJenoနိုးသည်။

မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်မယ်အလုပ်မှာဖုန်းလာလို့သူပြေးကိုင်လိုက်ရသည်။

📞
"​Renjun ပြော"

"ငါတို့မင်္ဂလာပွဲအတွက် ဝတ်စုံသွားကြည့်မလို့
ဒီနေ့မင်းရုံးပိတ်ရက်မလား အတူသွားကြဖို့ခေါ်တာ"

"လက်ထပ်မယ်တော့ပေါ့? ဘယ်သူနဲ့လဲ"

"မင်းအဖေ Lee Haechanနဲ့ဟေ့"

Renjunကspeakerဖွင့်ထား၍ထင်သည်။
Haechanရဲ့​အော်ပြောသံကြားလိုက်တဲ့အတွက်သူရယ်မိသည်။

"အဲ့လောက်တောင်မြန်မြန်ကြီးလား"

"ငါတို့​တွဲနေတာ၆နှစ်ကျော်ပြီလေကွာ
ပြီးတော့ငါတို့လက်ထပ်တော့မယ့်အကြောင်းမင်းကိုကြိုပြောပြီးသားလေ ဂေါက်သီးရဲ့"

"အော်...အေးပါကွာ
လိပ်စာကိုmessageပို့လိုက်
ငါလည်းစိတ်ပြေလက်ပျောက်ဖြစ်ချင်တာနဲ့အတော်မို့လာခဲ့မယ်"

"Ok"

"ဒါနဲ့လေ Renjun
Jaeminကိုရော ခေါ်ထားသေးလား"

သူမေးကြည့်လိုက်သည်။

"ခေါ်တယ်ကွ ဒါပေမယ့် သူ့အလုပ်တွေပုံနေလို့လိုက်မရဘူးတဲ့...
ဘာလို့လဲ Jeno"

"ဘာမှမဟုတ်ပါဘူး
ဒါပဲနော် Renjun
see ya"

Jenoဖုန်းချလိုက်တာနဲ့အတွေးကJaeminဆီတန်းရောက်သွားသည်။
Jaeminကသူဖုန်းဆက်ရင်သိပ်ရှည်ရှည်ဝေးဝေးမပြော။အပြင်မှာတွေ့လည်း ခပ်ကွာကွာသာနေသည်။

ဒါပေမယ့် Jeno လည်း Jaeminကိုနားလည်သည်လေ။
ဘယ်သူကတစ်စုံတစ်ယောက်နဲ့ဇာတ်လမ်းမပြီးသေးတဲ့သူကိုလက်ခံနိုင်မှာလဲ။

တွေးရင်းသက်ပြင်းသာချမိခဲ့သည်။
Companyအလုပ်တွေတအားများတဲ့အပြင်ပြောမထွက်နိုင်တဲ့သူ့စိတ်ကြောင့် Nayoungနဲ့လက်ထပ်ဖို့နေ့ရက်တွေက နီးနီးလာသည်။
မင်္ဂလာပွဲကျင်းပမယ့်HotelကအစNayoungတို့ဘက်ကပြင်ဆင်ပြီးနေပြီဖြစ်သည်။သူသာပြတ်ပြတ်သားသား မပြောဖြစ်တော့ရင် Jaeminနဲ့တစ်သက်လုံးဝေးရဖို့က တစ်လ နှစ်လသာလိုတော့မည်။

Love And Twists (Completed)Where stories live. Discover now