၆နှစ်....၆နှစ်ဆိုသောအချိန်ကာလကိုကျော်လွန်ခဲ့ပြီ။
ရုံးခန်းထဲမှာစာရင်းဇယားတွေနဲ့အလုပ်ရှုပ်နေတဲ့Lee Jenoဟာခန့်ညားနေတုန်းပေမယ့်ပေါ့ပေါ့ပါးပါးလူငယ်လေးတော့မဟုတ်တော့ပါ။
အရာရာကိုလေးလေးနက်နက်တွေးပြီးနဲ့ရင့်ကျက်နေသောသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်လာပြီ။ဘွဲ့ရပြီးကတည်းကအဖေဖြစ်သူcompanyမှာပဲမန်နေဂျာအလုပ်ကိုဝင်လုပ်နေသည်။စေ့စပ်သေချာပြီးဘာကိုမဆိုအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့Jenoကိုအဖေဖြစ်သူကလည်းအားရလွန်းတာကြောင့်Jenoအိမ်ထောင်ကျပြီးတာနဲ့companyကိုအပြီးလွှဲပေးဖို့ဆုံးဖြတ်ထားသည်။
အသက်ရလာပြီဖြစ်တဲ့ Mr.Lee ဟာသူ့သားကိုအမြန်ဆုံးမိန်းမရစေပြီး သူမြေးလေးမြန်မြန်ချီရဖို့ကသူ့ဘဝရဲ့အလိုချင်ဆုံးဆန္ဒဟုအမြဲပြောသည်။ဒီညနေလည်းအဖေဖြစ်သူကသူ့သူငယ်ချင်းရဲ့သမီးနဲ့အိမ်ထောင်ဖက်တွေ့ဖို့ပြောထားတာကြောင့်သူသွားတွေ့ရဦးမည်။
အရင်ကသူငြင်းခဲ့သည်။အခုတော့မငြင်းချင်တော့။Lee Jenoဆိုတာဘယ်သူ့ကိုမှအရှုံးပေးခဲ့သူမဟုတ်။တစ်ချိန်ကNa Jaeminဆိုတဲ့တစ်ယောက်သောသူကလွဲရင်ပေါ့။ဒါပေမယ့် အခုNa Jaeminကိုတော့သူအနိုင်မရရင်တောင်အရှုံးမပေးချင်။သူထားခဲ့ပြီးထဲကနောက်တစ်ယောက်တောင်မထားနိုင်တော့ဘူးဆိုတဲ့အရှုံးသမားပုံမပြချင်ပါ။Na Jaeminတောင်တစ်ခြားတစ်ယောက်နဲ့အတူရှိနေပြီကို သူကရောဘာလို့နောက်တစ်ယောက်နဲ့ဘဝသစ်မစနိုင်ရမှာလဲ။
..............
လူချမ်းသာအသိုင်းအဝိုင်းများသာလာကြတဲ့ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးကဂျပန်ရိုးရာစားသောက်ဆိုင်လေးတစ်ဆိုင်...
"မင်္ဂလာပါ ဒီကKim Nayoungဟုတ်တယ်မလား"
"ဟုတ်ပါတယ် အော် Lee Jenoထင်တယ်"
"ဟုတ်ပါတယ်ခင်ဗျာ ထိုင်ခွင့်ပြုပါဦး"
"ဟုတ်ထိုင်ပါ"
Nayoungရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သသည်။
"appaကအမြဲချီးကျူးနေတာ Nayoungကအစစအရာအရာပြည့်စုံနေတာ ပြီးတော့Nayoungကဒီတိုင်းဆိုလဲလှပေမယ့် Duty Coatနဲ့ဆိုပိုလှတယ်တဲ့"
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....