Love And Twists Chapter(6)

747 84 7
                                    

Flashback

Jenoသူ့ကောင်မလေးနောက်ပါသွားတော့Jaeminne တစ်ယောက်ထဲကျန်ခဲ့သည်။ ကျောင်းဆင်းတဲ့အထိအတန်းတွေကိုပြီးအောင်တက်သည်။အိမ်ကိုတန်းမပြန်ဘဲ
စာကြည့်တိုက်ဝင်သေးတာမို့အိမ်ရှေ့ရောက်တဲ့အချိန်မှာ၇နာရီလောက်ရှိပြီ

"hey Jaemin"

"ဟင် Park Yerin"

"ဟို အချိန်ရလားစကားပြောချင်လို့"

"အင်း....အင်းရပါတယ်"

Yerinခေါ်လို့Jaeminလိုက်သွားပြီးလမ်းထဲကcafeတစ်ခုမှာပဲသူတို့စကားပြောခဲ့ကြသည်။

"Jaemin ah"

"ပြောလေ Park Yerin"

"နင်ကလဲဟယ် ကိုယ့်သူငယ်ချင်းရဲ့ရည်းစားပဲဟာ ရင်းရင်းနှီးနှီးခေါ်စမ်းပါ"

Jaeminအားတင်းပြီးပြုံးထားရသည်။

"ommပါ Ye..Yerin"

"နင်သိလား မောင်ဒီရက်ပိုင်းစိတ်ညစ်နေတယ်"

"Jenoလား"

"အင်းလေ မောင်စိတ်ညစ်တော့ငါလည်းစိတ်ညစ်တာပဲ"

"သူကဘာလို့စိတ်ညစ်နေရတာလဲ"

"ဒါကဒီလိုဟ မောင်ကပြန်တော့မပြောဖို့မှာထားတာ ဒါပေမယ့်လည်းနင်ကသူbffဆိုတော့ငါပြောပါမယ်"

Jaemin ဝမ်းနည်းမိသည်။သူတကယ်ပဲ Jenoအတွက်အပြင်လူဖြစ်သွားတာလား

"သူ့သူငယ်ချင်းတစ်ယောက်ကသူ့ကိုကြိုက်နေလို့တဲ့ အဲ့သူငယ်ချင်းကလေ ယောကျ်ားလေးတဲ့ဟယ် သူ့ရဲ့သိသာတဲ့အပြုအမူတွေကြောင့်မောင်ကအရမ်းနေရခက်တယ်တဲ့ ပေါင်းတာတောင်အားနာပါးနာပေါင်းနေရတယ်တဲ့စိတ်မသန့်ဘူးတဲ့ဟယ်"

Jaeminနားထဲသံရေပူတွေလောင်းချလိုက်သလိုပဲ။Jenoတကယ်ပဲရိပ်မိနေတာလား ထင်စရာဆိုလို့သူပဲရှိတာလေ။ စိတ်မသန့်ဘူးတဲ့လားJaeminအော်ငိုပစ်ချင်ပြီ။Yerinရှိနေလို့သာအတတ်နိုင်ဆုံးဟန်မပြတ်နေရသည်။

"ဟုတ်လား...ငါလည်းမသိပါလား"

Yerinမျက်ခုံးတစ်ချက်တွန့်လိုက်သည်။

"တကယ်လို့နင်သိရင် အဲ့တစ်ယောက်ကိုပြောပေးပါဟယ် မောင်အနေရခက်အောင်မလုပ်ပါနဲ့လို့
သူချစ်တာကိုနားလည်ပေမယ့်သူ့ချစ်သူအနေနဲ့ငါမောင့်ကိုစိတ်မညစ်စေချင်ဘူး"

Love And Twists (Completed)Where stories live. Discover now