Love And Twists Chapter(19)

575 66 7
                                    

အိမ်ထဲဝင်လာတော့ရောက်နှင့်ပြီးဖြစ်တဲ့အဒေါ်တို့လင်မယားကသူ့ကိုဟန်ဆောင်ပန်ဆောင်ပြုံးရင်းလာကြိုကြသည်။အဒေါ်ကသူ့နားကပ်ကာ

"ပြောတော့ Jaehyunလာမယ်ဆို
နင်ကဘယ်လိုရောက်လာတာလဲ "

"ဘယ်သူဖြစ်ဖြစ်အဒေါ်တို့အကြွေးကျေရင်ပြီးတာပဲမဟုတ်လား အပိုတွေပြောမနေပါနဲ့"

ပါးစပ်ပိတ်သွားပြီးနောက်အဒေါ်ကသူ့ကိုဧည့်ခန်းဆီခေါ်လာသည်။နာမည်တို့ဘာတို့မိတ်ဆက်ပြီးသူတို့စောင့်ရှောက်ထားတဲ့သူလို့ပါမိတ်ဆက်လိုက်တော့Jaeminအော်ရယ်ချင်မိသည်။

လူကြီးတွေစကားပြောနေတဲ့အချိန်အတွင်းမှာပဲကောင်မလေးနဲ့အတူသူ့ကိုတွဲခေါ်လာတဲ့အစ်ကိုဖြစ်ဟန်တူသည့် အမျိုးသားတစ်ယောက်ကိုတွေ့
လိုက်ရသည်။ရင်းနှီးနေတဲ့မျက်နှာဖြစ်တာကြောင့်သူအံ့သြမိသည်။

"Mark hyung?"

"Jaemin?"

"သားအသိလား Minhyung"

"ဟုတ်တယ် အဘိုး"

အဘိုးဆိုသူမှာJaeminအဒေါ်ယောကျ်ားရဲ့သူဌေးကြီး။

Jaeminဘက်ကခေါင်းတစ်ချက်ပဲငြိမ့်ပြလိုက်တော့ Markလည်းသူ့ညီမလေးကိုအရင်ထိုင်စေပြီးသူလည်းစကားဝိုင်းမှာဝင်ထိုင်လိုက်သည်။

သူတို့ဘာတွေပြောနေလည်းဆိုတာJaeminစိတ်မဝင်စား။သူ့အတွေးထဲမှာရှိနေတာတစ်ခုထဲ။
သူJenoကိုလက်လွှတ်လိုက်ရပြီ။တစ်ဘဝလုံးစာအတွက်လေ။လက်မခံနိုင်သေးတဲ့အခြေအနေမို့သူJenoကိုတောင်ဘာမှကြိုမပြောထားခဲ့ပါ။သိပ်ချစ်ရတဲ့သူကိုမှကိုယ်တိုင်စွန့်ပစ်ရတော့မယ့်သူ့ဘဝကအဲ့လောက်ပဲစိတ်ပျက်စရာကောင်းရလား။

လက်ထပ်ရမယ့်သူဆိုတဲ့ကောင်မလေးကိုကြည့်တော့လည်းသူနှင့်ထပ်တူစိတ်ဆင်းရဲနေတဲ့ပုံမျိုး။အကြည့်လေးတွေကအသက်မရှိနေတာတောင်ဝမ်းနည်းနေတဲ့အရိပ်အယောင်ကသိသာလွန်းသည်။နှစ်ယောက်လုံးစိတ်မပျော်နေမှတော့သူတို့၂ယောက်လက်ထပ်လိုက်ရင်ရော ငရဲပဲဖြစ်မှာမဟုတ်လား။

"Jaemin ခဏ လာခဲ့ဦး"

Markကအပေါ်ထပ်ကသူ့အခန်းထဲသို့ Jaeminကိုခေါ်သွားသည်။

Love And Twists (Completed)Where stories live. Discover now