"Nana ရေ sandwich မရသေးဘူးလား
ဗိုက်ဆာနေပါပြီဆို"မနက်မိုးလင်းလင်းချင်းအထုတ်အပိုးနဲ့ရောက်ချလာပြီးစားဖို့တရစပ်ပူဆာနေတဲ့JenoကိုJaeminစိတ်မရှည်တော့။အခုလည်းဧည့်ခန်းကနေ ဂိမ်းဆော့ရင်းအသားကုန်အော်နေသည်လေ။
"မရသေးဘူးကွာ မစောင့်နိုင်ရင် မှာစားတော့"
လေသံလေးမာလာတဲ့အတွက် ဘဲကြောက်ကြီးLee Jenoမှာ
"အော် ဟုတ်လား ရတယ် ရတယ်Nana အေးဆေး နော် နေ့လည်မှစားရလည်းဖြစ်တယ်။"
ခုနဘဲဗိုက်ဆာတယ်ပြောပြီးအခုတော့သူစိတ်ဆိုးမှာကြောက်လို့အဖျားရှူးသွားတဲ့JenoကိုJaeminရယ်မိသည်။
"ကဲ ရပါပြီဗျာ"
Jenoဘယ်လောက်ဗိုက်ဆာနေလဲဆိုJaeminယူလာပေးတာနဲ့ဆော့နေတဲ့Gameတောင်ရပ်ပြီးအားရပါးရစတော့တာပဲ။
"စားလို့ကောင်းရဲ့လား"
"ကောင်းတာပေါ့ Nanaရယ် မင်းလက်လေးတွေနဲ့သေချာလုပ်ထားတာမကောင်းဘဲနေမလားကလေးလေးရဲ့"
Jenoရဲ့ကလေးလေးလို့ခေါ်တဲ့အသံကြောင့်Jaeminမှာကြက်သီးဖျင်းဖျင်းထသည်အထိပဲ။
"Lee Jeno နောက်တစ်ခါငါ့ကိုကလေးလေးလို့ခေါ်ရင်မင်းကိုအိမ်ပေါ်ကကန်ချပြီပဲ"
သူစတာကြောင့်စိတ်တိုနေတဲ့ဟာလေးကိုကြည့်ပြီးJenoပြုံးမိသည်။မျက်နှာလေးကိုအသေးစိတ်ငေးကြည့်နေမိသည်။မနက်ထဲကမနက်စာပြင်ဟိုလုပ်ဒီလုပ်လုပ်နေရတဲ့အတွက်မျက်နှာလေးမှာချွေးစို့နေသည်။ခပ်အိုက်အိုက်ဖြစ်နေတဲ့အတွက်မျက်နှာလေးကိုလက်နဲ့ယပ်ခတ်နေတဲ့အချိန်လေးမှာတောင်လှလိုက်တဲ့ကလေးလေးရယ်။
"Nana ဒီနားလေးတိုး"
Jaeminကိုယ်လုံးသွယ်သွယ်လေးကိုအတင်းဖက်လိုက်ပြီးပါးလေးနှစ်ဖက်ကိုပါနမ်းပစ်လိုက်သည်။
"ဘာထဖြစ်တာလဲဟင်"
Jaeminမှာမျက်လုံးအဝိုင်းသားလေးနဲ့ကြောင်တောင်တောင်လေးနဲ့မေးတော့မှဟိုကပိုအသည်းယားပြီးနှုတ်ခမ်းလေးကိုနမ်းမယ်အလုပ်မှာ
"အမလေးဧည့်ခန်းမှာလည်းမရှောင်ကြတော့ပါလားဟ"
ကောင်းခန်းရောက်မှကြော်ငြာလာဝင်တဲ့အသံကိုကြားလိုက်လို့လှည့်ကြည့်လိုက်တဲ့အချိန်မှာစားစရာတွေလက်နှစ်ဖက်အပြည့်ယူလာတဲ့Haechanနဲ့Renjun။
YOU ARE READING
Love And Twists (Completed)
Romansရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....