companyကအလုပ်တွေလက်စသတ်လိုက်ပြီးကားထဲအဝင်လာမှာဖုန်းလာလို့ကြည့်လိုက်တော့၂ယောက်မရှိတဲ့ညီမတော်မို့Jenoပြုံးမိသည်။
"ပြောပါ ညီမတော်"
"ငါဒီနေ့scheduleမရှိလို့အိမ်ခဏပြန်လာမလို့ ပြီးတော့နင့်ကိုပြောစရာလဲရှိတယ် အဲ့တာငါ့ကိုလာခေါ်လို့ရလား"
"အမယ် နင်စကားပြောနေတာအတည်ကြီးပါလား"
"လာခေါ်မှာလား မခေါ်ဘူးလားပဲပြောပါ Jenoရယ်"
"ငါအခုမအားဘူးHinaရဲ့
Nayoungနဲ့အိမ်သွားကြည့်မလို့လေ""အိမ်?ဘာအတွက်လဲ"
"ငါတို့လက်ထပ်ပြီးရင်အတူနေဖို့လေ"
"နင်တကယ်Nayoungနဲ့လက်ထပ်မှာလားJeno"
"ဟုတ်တယ်လေ"
"နင်သူ့ကိုချစ်တာသေချာလို့လား...နင်Jaem.."
"တော်ပြီ Hinaငါနောက်ကျတော့မယ်
အိမ်ကိုကိုယ့်ဘာသာကိုယ်ပဲလာခဲ့တော့နော်"Jenoကစကားဖြတ်လိုက်သည်။Hinaဘာဆက်ပြောမလဲဆိုတာကိုသူသိသည်လေ။
တစ်စုံတစ်ယောက်ဆီရောက်ရောက်သွားတတ်တဲ့စိတ်ကိုပြန်စုစည်းပြီးသူNayoungဆီဖုန်း ဆက်လိုက်သည်။
"Nayoung မောင်ဟိုတစ်ခါပြောထားတဲ့ apartmentကိုရောက်နေပြီ "
"အာ...ကျွန်မလည်းအခုပဲလာမလို့မောင်ရေ ဒီနေ့ကားမယူလာမိတာမှားတာပဲ အခုကရုံးဆင်းချိန်ဆိုတော့Taxiတွေကလည်းငှားရတကယ်ခက်ပဲ"
"မောင်လာခေါ်ရမလား"
"ရတယ်မောင် ကျွန်မဆက်စောင့်ကြည့်လိုက်ဦးမယ် ဒါပဲနော်"
"Nayoung အိမ်ပြန်မလို့ထင်တယ်
ကားမပါဘူးလား"Nayoung Taxiစောင့်နေတုန်းကားတစ်စီးသူ့ရှေ့ကိုလာရပ်သည်။
"ဟုတ်တယ် ကားမပါလာလို့ Jaeminရေ
သွားစရာရှိတာလဲနောက်ကျနေပြီ""ဒီလိုလုပ်ပါလား ကျနော်လိုက်ပို့ပေးမယ်လေ"
"အားနာစရာကြီးJaeminရယ် ကျွန်မဆက်ပဲစောင့်နေလိုက်ပါ့မယ်"
"အားနာစရာမလိုပါဘူးဗျာ လာပါ "
Nayoungလည်းအားနာတာရောကျေးဇူးတင်တာရောပေါင်းပြီးကားပေါ်တက်လိုက်သည်။
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....