Love And Twists Chapter(16)

578 70 2
                                    

အချိန်တွေတဖြည်းဖြည်းကုန်လွန်လာလိုက်တာများ အခုဆိုသူတို့အောင်စာရင်းတွေထွက်ပြီးသည့်အချိန်တောင်ရောက်ခဲ့သည်။

Jaeminကသူဆန္ဒရှိတဲ့ဆေးကျောင်းတက်ဖို့အမှတ်မီခဲ့သည်။Jenoကလည်းသူတက်ချင်တဲ့စီးပွားရေးတက္ကသိုလ်တက်နိုင်တော့မည်။Haechanနဲ့Renjunကတော့အနုပညာတက္ကသိုလ်တက်ကြမည်ဖြစ်သည်။

တကယ်တမ်းBusanကပြန်လာပြီးနောက်ပိုင်းJenoနဲ့Jaeminလူချင်းသိပ်မဆုံဖြစ်တော့။Jenoကလည်းအခုထဲကအဖေဖြစ်သူရဲ့companyလုပ်ငန်းတွေကိုလေ့လာနေရပြီ။အားတဲ့အချိန်Jaeminကိုဖုန်းဆက်တော့လည်းJaeminကအချိန်ပိုင်းအလုပ်တွေနဲ့မအားဘူးပဲအမြဲပြောတာကြောင့်သူတို့သိပ်မတွေ့ဖြစ်ကြတော့ပေ။

တခါတလေတော့Jeno Haechanတို့ကအားကျမိသည်။သူတို့ကနေ့တိုင်းလိုလိုကိုdateကြတာလေ။ကိုယ်ကိုယ်တိုင်ကလည်းမအားတာမှန်ပေမယ့် တွေ့ဖို့ပြောတိုင်းငြင်းဖန်ပဲများလာတဲ့Jaeminကိုအားမရ။

'လူချင်းအမြဲတွေ့ရဖို့ကအရေးမကြီးပါဘူး,အဓိကကချစ်နေကြဖို့ပဲဟာ´

Jenoသူ့ကိုယ်သူဖြေသိမ့်နေကျစကားလေးတစ်ခု....

...........

ဒီနေ့က စနေဆိုတော့ Jenoအားသည်။Jaeminလည်းဒီနေ့အလုပ်မရှိဘူးဆိုတာသူသိသည်။

📞Jaemin ah ငါတို့မdateဖြစ်တာကြပြီဆိုတော့
ဒီနေ့ ရုပ်ရှင်သွားကြည့်ကြမလား📞

📞အာ....ဒီနေ့လား ငါမအားဘူးJenoရ📞

📞ဟင်? ဒီနေ့မင်းအချိန်ပိုင်းအလုပ်မရှိတာငါသိသားပဲကို📞

📞ဆေးကျောင်းလျှောက်လွှာအတွက်လိုအပ်တာတွေမေးဖို့hyungဆီသွားမလို့📞

📞ကျောင်းတက်ဖို့အများကြီးလိုသေးတာကိုJaeminရယ် ငါ့ကိုလည်းအချိန်ပေးပါဦး
ရည်းစားတွေဖြစ်ပြီးမတွေ့ဖြစ်တာပဲဘယ်လောက်ရှိနေပြီလဲ📞

📞ငါကမင်းလိုသူဌေးသားမဟုတ်ဘူးလေ အေးဆေးနေလို့မရဘူး ဘဝတစ်ခုစာမျှော်လင့်ခဲ့တဲ့ကျောင်းတက်ရဖို့အခုထဲကပြင်ဆင်ရမှာပဲ📞

📞တော်ပြီ Jaemin ဆက်မပြောနဲ့တော့ အသွားအလာဂရုစိုက်နော် ဒါပဲသိလား📞

Love And Twists (Completed)Where stories live. Discover now