Love And Twists Chapter(8)

788 82 3
                                    

Jeno's POV

ငါမနေနိုင်တော့ဘူး Nanaရာ မင်းငါ့ကိုရှောင်နေတာကြာပြီ

ကျနော်သူ့ကိုကြိုမပြောဘဲသူ့အိမ်ကိုသွားခဲ့သည်။
ကျနော်လမ်းထဲရောက်တော့သူကကောင်မလေးတစ်ယောက်နဲ့အတူcafeထဲဝင်သွားတာတွေ့လို့အနောက်ကနေမသိမသာလိုက်သွားလိုက်တယ်။
ကောင်မလေးကတခြားသူမဟုတ်ဘူး Yerin။Cafeထဲရောက်တော့ကျနော်မလှမ်းမကမ်းခုံမှာဝင်ထိုင်လိုက်တယ်။

"Jaemin ငါဟိုနေ့ကပြောတဲ့ကိစ္စကိုဆက်ပြောချင်လို့"

"ပြောလေ"

"နင်ရူးချင်ယောင်ဆောင်မနေစမ်းနဲ့
ငါဟိုနေ့ကပြောတဲ့Jenoကိုကြိုက်တဲ့သူဆိုတာနင်မှန်းငါမပြောလဲနင်သိပါတယ်"

"ဟင်....နင်...နင်ကဘယ်လိုသိတာလဲ"

ကြားနေရပေမယ့်ကျနော့်နား ကျနော်မယုံနိုင်။
Nanaကကျနော့်ကိုကြိုက်နေတယ်တဲ့လား

"နင့်ကိုငါပြောထားပြီးပြီနော် Jenoကငါ့ကိုလက်ထက်ဖို့အထိရည်ရွယ်ပြီးချစ်တာလို့
အခုတော့နင့်ကြောင့်သူစိတ်ညစ်ပြီးငါ့ကိုပါဂရုမစိုက်တော့ဘူး"

"ငါအတတ်နိုင်ဆုံးရှောင်ပေးတယ်လေ အခုလည်းJenoနဲ့စကားမပြောတာကြာပြီ"

"တော်စမ်းပါ ဟိုတစ်ခါဓာတ်တိုင်အောက်မှာနင်တို့ဖြစ်ပျက်နေတာကိုငါမြင်တယ် ဘာလဲJaemin နင်ကငါ့ဆီကJenoကိုလုယူချင်နေတာလား....
ငါပြောပြီးသားနော်သူကနင်နဲ့ပေါင်းရတာစိတ်မသန့်ဘူးလို့ အသိရှိရင်ဒီထက်ဝေးဝေးနေစမ်းပါဟယ်"

Jaeminမျက်ရည်ကျနေတာကိုကျနော်မြင်နေရသည်။

"Park Yerin မင်းဘာတွေလျှောက်ပြောနေတာလဲ"

"မောင်....ဘယ်လို..ဘယ်လိုရောက်လာတာလဲ"

"ငါမေးတာပဲအရင်ဖြေစမ်းပါ"

Yerinပုခုံးကိုကိုင်လှုပ်ပြီးကျနော်မေးတော့Nanaကမျက်ရည်လေးစမ်းတမ်းတမ်းနဲ့ကြည့်နေသည်။

"နင်လာတော့လည်းတစ်ခါထဲပြောရတာပေါ့ Na Jaeminကနင့်ကိုကြိတ်ဖြစ်နေတာလေ..."

"အဲ့တော့...."

"အဲ့တော့ဟုတ်လား မောင်....နင်စိတ်မကျဥ်းကျပ်ဘူးလား"

Love And Twists (Completed)Where stories live. Discover now