Otherside
Jeno's Pov
appaခေါ်တဲ့အတွက်အိမ်ကိုကျနော်ခပ်မြန်မြန်ပြန်လာလိုက်သည်။ခြံထဲမှာကား၃စီးရောက်နေပြီမို့appaတို့ommaတို့ရောက်နှင့်နေပြီဖြစ်ကြောင်းသိလိုက်သည်။ကျန်တစ်စီးကတော့ဘယ်သူ့ကားမှန်းမသိ။
"သားရောက်လာပြီပဲ လာထိုင်လေ"
ommaခေါ်တဲ့အတွက်ommaဘေးကsofaမှာပဲထိုင်လိုက်သည်။မျက်နှာချင်းဆိုင်မှာတွေ့လိုက်ရတာကကျနော်နဲ့ရွယ်တူကောင်မလေးတစ်ယောက်။koreaနဲ့လည်းမတူjapanနဲ့လည်းမတူကပြားမလေးတစ်ယောက်ဖြစ်ပုံပေါ်ပြီးခံစားချက်မဲ့တဲ့အရိပ်အယောင်ကသူ့မျက်နှာပေါ်မှာအထင်းသား။သူ့ဘေးနားမှာလည်းသူ့အတွက်လိုက်လာသည်ထင်ရသည့်အဒေါ်ကြီးတစ်ယောက်။
"သားကိုမိတ်ဆက်ပေးရဦးမယ် သူ့နာမည်ကHinaတဲ့။သားနဲ့အသက်အတူတူပဲ ဂျပန်ကနေရောက်လာတာ။"
"ငါ့နာမည်ကLee Jenoပါ။တွေ့ရတာဝမ်းသာပါတယ်။"
ကျနော်ပြုံးပြီးနှုတ်ဆက်တာတောင်သူကကျနော့်ကိုခေါင်းတစ်ချက်သာပြန်ငြိမ့်ပြသည်။သူ့မျက်နှာထားနဲ့အမူအယာကိုကျနော်အလွန်ဘဝင်မကျ။
"ဒီလိုသားရဲ့ Hinaလေးကဒီမှာကျောင်းတက်ရင်းauditionလာဖြေတာ သူကidolဖြစ်ချင်နေတာလေ"
ဒီမျက်နှာထားနဲ့တော့ဖြစ်နေဦးမယ်လေ။လှောင်တာတော့မဟုတ်ပေမယ့်ကျနော်တွေးလိုက်မိသည်။
"ကျောင်းလည်းအပ်ပြီးပြီ သားနဲ့ကျောင်းအတူတူပဲ ပြီးတော့...ပြီးတော့လေ"
"ပြီးတော့ ဘာဖြစ်လဲ omma"
"ဒီအိမ်မှာပဲလာနေမှာ"
"ဗျာ..."
ကျနော်တကယ်လန့်ဖြန့်သွားသည်။အရွယ်ရောက်ပြီးသားမိန်းကလေးနဲ့ယောကျ်ားလေးကိုတစ်အိမ်ထဲထားမယ်ပေါ့။ပြီးရင်အဖေအမေတွေကလည်းရှိတာမဟုတ်။ကိုယ့်ကိုယ်ကျင့်တရားလည်းကိုယ်ယုံသည်။ဒါပေမယ့်ဟိုမိန်းကလေးကိုယုံရတာမဟုတ်ဘူး။အဲ့တာတွေထက်အစိုးရိမ်ကဆုံးကNanaစိတ်ဆိုးမှာ။ကျနော်Nanaရဲ့စိတ်အငြိုအငြင်ကိုတစ်စက်လေးမှမခံနိုင်ဘူး။
"မဖြစ်နိုင်တာommaရာ ဘယ်လိုလုပ်တစ်အိမ်ထဲလဲ ကျနော်တော့မနေနိုင်ဘူး။"
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....