Love And Twists Chapter(24)

765 81 9
                                    

Park Jung Minဆီကအပြန်လာမှာပဲရုံးခန်းထဲမှာတွေ့ရသည့်Jenoကြောင့်Jaemin​သက်ပြင်းရှည်ရှည်သာချမိသည်။တကယ်ဆိုသူNayoungရုံးခန်းမှာပဲအလုပ်မလုပ်ချင်တော့ပါ။အထက်ကိုရုံးခန်းတစ်ခုပေးဖို့လျှောက်လွှာတင်ထားပေမယ့်အခုထိကျမလာသေးတော့သူသည်းခံ၍သာနေ,နေရသည်။

"မင်းရောက်နေတာလား"

"ဟုတ်တယ် Nayoungကိုလာကြိုတာလေ"

"အော်...
အင်း"

Jaeminလည်းသူ့စားပွဲမှာသူထိုင်ပြီးအလုပ်စလုပ်လိုက်သလိုJenoကလည်းဖတ်လက်စကျန်းမာရေးစာစောင်ကိုဆက်ဖတ်နေလိုက်သည်။

ဒီရက်ပိုင်းJenoဟာကုမ္ပဏီမန်နေဂျာဆိုတဲ့အလုပ်နဲ့မညီအောင်အချိန်တိုင်းNayoungရုံးခန်းကိုသာလာနေတတ်သည်။
အဲ့လိုလာတိုင်းလည်းJaeminမျက်နှာမကောင်းပါ။ဘာမှမဖြစ်သလိုNayoungနဲ့ချစ်စကားကြိုက်စကားကိုသူရှေ့မှာပြောတတ်တဲ့Jenoကအဲ့အချိန်မှာတော့သူ့အတွက်မုန်းစရာကောင်းနေသည်။
ဒါပေမယ့်လည်းသူမမုန်းနိုင်ပါ။
သူကအစထဲကဒီဒဏ်တွေကိုသည်းခံနိုင်လို့ကိုJenoကိုတစ်ဖက်သက်ဆက်ချစ်ဖို့ဆုံးဖြတ်ခဲ့တာလေ။

"Jaemin
သတင်းတွေကြားလာရတယ်နော်..အဟင်း
အော်...မောင်လည်းရောက်နေတာကိုး"

Nayoungကအခန်းထဲဝင်ဝင်လာချင်းJenoကိုမမြင်ပဲJaeminကိုလှမ်းစလိုက်ပြီးမှမြင်လိုက်သည်။

"ကျနော့်ဘာသတင်းလဲဗျ"

"​အမယ်...မသိချင်ယောင်ဆောင်နေတယ်ပေါ့
မောင်  မောင့်သူငယ်ချင်းကတအားroတာနော်"

Jenoကအဲ့စကားကြားတော့ခေါင်းထောင်လာပြီးJaeminကိုလှမ်းကြည့်လိုက်သည်။

"ဘာကိုroတာလဲ Nayoungရဲ့
ကျနော်တကယ်ဘာမှလည်းမသိရပါဘူး"

Jaeminနဲ့ Jung Minဆိုတဲ့ကောင်လေးနဲ့နမ်းခဲ့တဲ့အကြောင်းကိုသူနာပြုမလေးတွေပြောနေတာကြားခဲ့ပါတယ်နော်

"ဗျာ!..."

Jaeminတကယ်လန့်သွားသည်။
သူအခုမှအခန်းတံခါးကိုမပိတ်ထားမိတာပြန်သတိရသည်။
သူတကယ်ပဲအရှက်ကွဲပြီးလား...ဘာမဟုတ်တဲ့ကိစ္စနဲ့လူတွေအဟုတ်ထင်ကြတော့မှာလား...

Love And Twists (Completed)Where stories live. Discover now