ညနေစောင်းရုံးဆင်းချိန်မှာ Jenoဟာသူ့ကိုယ်တစ်ဝက်စာလောက်ရှိတဲ့Ryanအရုပ်ကြီးကိုကိုင်ကာ တိုက်ခန်းတစ်ခန်းရှေ့သို့ရောက်လာခဲ့သည်။
Ting~Tong
"Jeno...?"
"တော်ပါသေးရဲ့ မင်းဆေးရုံကပြန်ရောက်ပါ့မလားလို့ ငါစိတ်ပူနေတာ ငါအိမ်ထဲဝင်ခဲ့မယ်နော်"
"အင်း....ဝင်လေ"
Jaeminကတော့Jenoလက်ထဲကRyanကြီးကိုသာပိုအာရုံစိုက်မိနေသည်။
"မင်းကိုပေးဖို့ဝယ်လာတာပါ
အဲ့လောက်တောင်စိုက်ကြည့်မနေနဲ့လေ Ryanလေးရှက်နေမယ်"JenoကRyanကိုသူ့လက်ထဲထည့်ပေးပြီးသူ့ခေါင်းလေးကိုပုတ်လိုက်တော့အူကြောင်ကြောင်လေးဖြစ်သွားသည်။ပြီးတော့မှမျက်မှောင်ကြုတ်လျက်-
"ငါမှကလေးမဟုတ်တော့တာ
ငါအသက်၂၆နှစ်နော် အရုပ်ကြိုက်တော့တဲ့အရွယ်မဟုတ်တော့ဘူး"မကြိုက်ဘူးလည်းပြောပြီးRyanကိုတင်းနေအောင်ဖက်ထားတဲ့နှုတ်ခမ်းဆူဆူJaeminကတအားအူယားဖို့ကောင်းလွန်းတာမို့Jenoစချင်နေမိသည်။
"ဟုတ်ပြီလေ အဲ့တာဆိုလည်း
ငါပြန်ယူသွားတော့မယ်လေ
အမျိုးထဲက ကလေးတစ်ယောက်ကိုပေးလိုက်မယ်"JenoကJaeminလက်ထဲကအရုပ်ကိုဆွဲယူလိုက်ပေမယ့် ဆူပုပ်ပုပ်နဲ့Jaeminကလည်းပြန်ဆွဲထားသေးသည်။
"ပြောတော့ ကလေးမဟုတ်တော့လို့အရုပ်မကြိုက်ဘူးဆို အခုကျတော့ပြန်လည်းမပေးဘူး"
"ငါ့ommaကငါငယ်ငယ်လေးတုန်းကသင်ခဲ့တာ
သူများပေးတဲ့ပစ္စည်းကိုမငြင်းရဘူးတဲ့"အရုပ်ကလေးကိုလုံးဝပြန်မပေးချင်တဲ့ရုပ်လေးနဲ့JaeminဟာJenoအတွက်တကယ်ချစ်စရာအကောင်းဆုံးဖြစ်နေခဲ့တာပါ။
"ဒါဆိုလည်း ဟုတ်ပါပြီ...
ကျေးဇူးတင်တဲ့အနေနဲ့ငါ့ကိုဘာမှမတိုက်တော့ဘူးလား""ဘာသောက်ချင်လဲပြော"
"နို့"
"ဘာ!မင်းနော်"
Jaeminလေးသူ့ဘာသာတွေးချင်ရာတွေးပြီးပူထူသွားသည်။
"အယ်...နွားနို့ကိုဆိုလိုတာပါနော်
ဘာတွေတွေးပြီးမျက်နှာကြီးရဲနေတာလဲ Na Jaemin shi"
YOU ARE READING
Love And Twists (Completed)
Storie d'amoreရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....