Love And Twists Chapter(18)

532 68 2
                                    

မနက်စောစောအိမ်ရှေ့ကbellသံကြားလို့တံခါးသွားဖွင့်လောက်တော့

"ရောက်ပြီးလား Jun"

သူ့ကိုလှိုက်လှိုက်လှဲလှဲဆက်သွယ်လာတဲ့Renjunကိုတနင်္ဂနွေနေ့အားတုန်းအိမ်ကိုဖိတ်လိုက်သည်။

"အင်း...ငါတနေကုန်အားတာနဲ့မင်းနဲ့စကားပြောရအောင်စောစောထွက်လာတာ"

"ဧည့်ခန်းမှာထိုင်စောင့်နေဦးနော် ငါမနက်စာပြင်လိုက်ဦးမယ် မင်းရောစားမှာလား"

"ရတယ် Jaemin ငါအိမ်မှာစားခဲ့ပြီးပြီ"

Renjunစောင့်နေရတာကြောင့်သူမြန်မြန်စားပြီးRenjunအတွက်ပါကော်ဖီဖျော်လာပေးလိုက်သည်။

"ရော့...ကော်ဖီပူပူလေးသောက်လိုက်ဦး"

Renjunလည်းပေးလာတဲ့ကော်ဖီလေးကိုတစ်ငုံသောက်လိုက်သည်။

"မင်းလက်ရာကမပြောင်းလဲသွားဘူးပဲ...
ဒါနဲ့မင်းရဲ့Mark hyungရော"

"မရှိဘူးလေ ပြန်သွားပြီ"

"မင်းတို့ကလက်ထပ်ပြီးသွားတာကိုအတူတူမနေကြဘူးလား"

Renjunစကားကြားတော့Jaeminကအသက်မပါစွာရယ်သည်။

"ဘာရယ်တာလဲ Jaemin"

"ငါနဲ့Mark hyungကလက်မထပ်ပါဘူး"

"ဘယ်လို?"

Jaeminစကားကြောင့်Renjunအံ့သြရသည်။သူတို့သိထားတာဒီလိုမှမဟုတ်ဘဲ။

"မင်းပဲ Jenoကိုပြောခဲ့တာလေ မင်းတို့၂ယောက်မင်းကျောင်းပြီးရင်လက်ထပ်မှာလို့ ဒါပေမယ့်ကေခဏအကြာမှာပဲမင်းတို့ချက်ချင်းလက်ထပ်လိုက်ပြီးဆိုတဲ့သတင်းတောင်ငါတို့နားထဲရောက်လာသေးတာ"

"အင်း...အဲ့လိုသတင်းထွက်သွားတာပါ"

"ဘာကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီသတင်းထွက်လာရတာလဲ Jaemin ပြီးတော့ မင်းကိုယ်တိုင်ကရော Jenoကိုဘာလို့အဲ့စကားပြောခဲ့တာလဲ"

Renjunသူ့ကို​အတင်းမေးနေခဲ့ပြီ။

"ထားလိုက်ပါတော့ Junရာ ပြီးတာတွေပြီးခဲ့ပြီပဲဟာ။ အခုပျော်စရာအကြောင်းတွေပဲပြောရအောင်လေ"

"ဘာမှမပြောဘူး မင်းအဲ့လိုဖုံးကွယ်ပြီးနာကျင်နေရမယ်ဆို ပြောတော့ရောဘာထူးမှာလဲ
Jaemin ငါကမင်းအတွက်အရင်လိုRenjunပဲနော် မင်းရင်ဖွင့်တာအကုန်နားထောင်ပေးနိုင်တယ် မင်းလည်းအရင်ကJaeminပဲဆိုတာငါယုံတယ်
ငါ့ကိုမဖုံးကွယ်ထားပါနဲ့Jaeminရာ"

Love And Twists (Completed)Where stories live. Discover now