Jaeminလေးတစ်ယောက်နိုးကထဲကပြုံးရွှင်နေသည်။နောက်ဆုံးတော့သူချစ်တဲ့Jenoကိုပိုင်ဆိုင်ခဲ့ပြီလေ။ဒီမနက်ကျောင်းရောက်ရင်တော့Renjunကိုကြွားရမယ်ဆိုတာတွေးပြီးကလေးငယ်ပြုံးနေမိသည်။
Ting...Ting...
ကျောင်းသွားခါနီးလေးမှmessageဝင်လာတာကြောင့်ကြည့်ကြည့်တော့တခြားသူမဟုတ်။💌Nana ကိုယ်အိမ်ရှေ့ရောက်နေပြီနော် မြန်မြန်ထွက်ခဲ့ကျောင်းအတူသွားမယ်💌
Jaemin လည်းအခုပဲထွက်လာတော့မှာမို့ဘာမှပြန်မပို့တော့။"ဝိရိယတွေဘာတွေကောင်းနေပါလား Jeno"
"အော် ကိုယ့်ကောင်လေးနဲ့ကျောင်းအတူတူသွားဖို့ဒီလောက်တော့ဝိရိယရှိရမှာပေါ့ကွာ"
"အရင်ကအတူမသွားဖူးတာကျနေတာပဲJenoရယ်"
"မတူဘူးလေ Nanaကလဲ...ဒါနဲ့နေပါဦး ဘာJenoလည်း Nonoလို့ခေါ်လေ"
"အာ...မခေါ်ချင်ပါဘူး Nonoလို့"
"Nonoလို့မခေါ်ချင်ဘူးဆိုတော့...အင်း...ကိုကိုလို့ခေါ်ချင်တာလား"
JenoကJaeminပါးလေးကိုအသာဆွဲရင်းပြောတော့ဟိုကလေးကအရှက်သည်းတော့သည်။
"Lee Jenoနော် လာမစနဲ့"
"ဟော မနေ့ညကတော့ Nono Nonoဖြစ်နေပြီးတော့"
"အဲ့တာကတော့ အဲ့တာပေါ့"
မနေ့ညကသာ Jenoချော့တာလေးသဘောကျပြီးJenoကိုချုပ်ချင်တာကြောင့်သာချွဲခဲ့ရတာ။ငယ်ငယ်ထဲကမင်းနဲ့ငါပြောပြီးပေါင်းလာတဲ့သူကိုအခုမှထချွဲရမှာကိုNanaလေးရှက်နေခြင်းဖြစ်သည်။အခုသာရှက်နေတာပါNa Jaeminဆိုတဲ့ဟာလေးကနောက်ဆိုသူ့ဘဲကိုချွဲနည်းမျိုးစုံနဲ့ချွဲမယ့်ယုန်ပေါက်လေးပါပဲ။
"ဟုတ်တော့လည်းဟုတ်ပါတယ် အခေါ်အဝေါ်တွေကအရေးမကြီးပါဘူး အဓိက ကချစ်ကြဖို့ပါပဲ"
"အဲ့တော့ ငါချွဲတာမကြိုက်ဘူးပေါ့ မသိဘူးနော်ဒီကစိတ်ပေါက်ရင်Nana Nonoထပြောပစ်မှာ ဟွန်း"
"ဟော...ကဲကွာ"
အထအနလေးနည်းနည်းကောက်သွားတဲ့Nanaရဲ့နှုတ်ခမ်းလေးကိုJenoနမ်းလိုက်သည်။Nanaလေးမှာပါးလေးနီရဲရင်းJenoကိုမျက်စောင်းနဲ့သာကြည့်နေတော့သည်။အဲ့ဒီနောက်မှာJenoကJaeminရဲ့လက်လေးကိုလက်ချောင်းချင်းယှက်ပြီးဆုပ်ကိုင်လိုက်သည်။
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....