Ting~~ Ting
အချိန်မှန်Alarmရဲ့ကျယ်လောင်သံကြောင့်Jaeminလန့်နိူးသွားသည်။ရုတ်တရက်ထမယ်လုပ်ပေမယ့်တစ်စုံတစ်ခုရဲ့ထိန်းချုပ်မှုအောက်မှာရောက်နေတဲ့သူ့ကိုယ်လေးကလှုပ်လို့မရခဲ့ပါ။
ထိန်းချုပ်မှု....
Jaeminဟာသေချာပေါက်Jenoရင်ခွင်ထဲရောက်နေခဲ့တာပါပဲ။သူသတိထားမိလိုက်တာကြောင့်ပါးမို့မို့လေးနီရဲသွားသည်အထိရှက်မိသွားသည်။
Jenoကတော့နိုးသေးပုံမပေါ်။JaeminကJenoရင်ခွင်ထဲကအသာလေးရုန်းထွက်လာလိုက်ပြီးချစ်ရသူရဲ့မျက်နှာကိုသဘောတကျငေးကြည့်နေခဲ့သည်။
သူJenoရဲ့နဖူးပြင်ကိုနမ်းလိုက်မိသည်။Jenoနဲ့အကြိမ်ပေါင်းများစွာနမ်းခဲ့ဖူးပေမယ့်သူ့နဖူးပြင်ကိုတော့Jaeminမနမ်းခဲ့ဖူးပါ။ဒီတစ်ခေါက်နမ်းလိုက်တဲ့အနမ်းဟာမြတ်နိုးခြင်းများစွာနဲ့အတူအရာအရာပေးဆပ်စွန့်လွှတ်ဖို့အသင့်ဖြစ်နေခြင်းတို့ပါ,ပါဝင်နေခဲ့တာကိုJenoသိပါရဲ့လား~~~.....
Jaeminတစ်ယောက်မီးဖိုချောင်မှာအလုပ်ရှုပ်နေသည်။မနက်စာအတွက်ပြင်ဆင်နေတာပေမယ့်Jenoကြိုက်တဲ့steakကိုလည်းလုပ်ပေးရသေးသည်။Koreaပြန်ရောက်ထဲကမနက်စာကိုဖြစ်သလိုစားနေသည့်Jaeminဟာသူ့ရဲ့ပထမဆုံးသေချာပြင်ဆင်ထားတဲ့မနက်စာကိုJenoနဲ့အတူစားရမှာမို့ချက်ပြုတ်နေရင်းပင်ပြုံးမိသည်။အစစအရာရာအဆင်သင့်ပြင်ပြီးပြီမို့Jenoနိုးလာရင်သောက်ဖို့ရေတစ်ခွက်ယူရင်းအခန်းထဲသို့ဦးတည်သွားလိုက်သည်။
နိုးလာတာနဲ့ရေတောင်းသောက်တတ်တဲ့Jenoရဲ့အကျင့်ကအခုထိမပျောက်သွားလောက်သေးဘူးမဟုတ်လား။"Jeno...
နိုးနေပြီလား"Jaeminအခန်းထဲဝင်လာတော့Jenoကအင်္ကျီပြင်ဝတ်နှင့်နေပြီဖြစ်သည်။
"အာ...ဟုတ်တယ်
Jaemin ငါဒီနေ့အလုပ်ကိစ္စရှိတာမေ့နေတာ""အော်...ရော့
မင်းနိုးလာတာနဲ့သောက်ဖို့ရေ ငါယူလာပေးတာ""မသောက်တော့ပါဘူး Jaemin
ငါသွားတော့မယ်နော်...
ပြီးတော့လေ
ညကကိစ္စကိုမရှိခဲ့သလိုပဲထားလိုက်ပါ"Jenoကအဲ့ဒီစကားကိုပြောရင်းအခန်းထဲကထွက်တော့မယ့်အချိန်မှာ-
YOU ARE READING
Love And Twists (Completed)
Roman d'amourရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....