Love And Twists Chapter(3)

776 89 8
                                    

Jaemin's POV

"NaNaရေ ထတော့ထတော့"

ခြုံထားတဲ့စောင်ကိုအတင်းခွာပြီးလှုပ်နှိုးနေတာကြောင့်ကျနော်မျက်လုံးကိုအတင်းဖွင့်ရသည်။

"ဘာလဲJenoရာ ငါအိပ်ရေးမဝသေးဘူး ပြီးတော့အစောကြီးရှိသေးတယ်"

"စောတာကဟုတ်တယ် ငါYerinကိုသွားခေါ်ပြီးကျောင်းအတူသွားရမှာမို့လို့စောစောပြန်ပြီးအိမ်မှာပြင်ဆင်ရဦးမှာ"

"အဲ့တော့...ငါ့ခေါ်နှိုးတာနဲ့ဘာဆိုင်လဲ"

နိုးနိုးချင်းYerinအကြောင်းကြားရတော့ကျနော်စိတ်မကြည်တော့...

"ငါအခုမင်းအတွက်ခေါက်ဆွဲပြုတ်ထားပေးတယ်
မနေ့ကommaထည့်ပေးလိုက်တဲ့ကင်ချီလည်းရေခဲသေတ္တာထဲကထုတ်ပြီးထမင်းစားပွဲပေါ်တင်ထားပေးတယ် မြန်မြန်ထပြီးစားလိုက်NaNaရာခေါက်ဆွဲတွေပွကုန်မယ်"

"အင်း...အင်းပါ"

ပြောပြီးတာနဲ့အခန်းထဲကထွက်ပြီးအိမ်ပြန်သွားတဲ့Jenoရဲ့နောက်ကျောလေးကိုကြည့်ပြီးကျနော်ပြုံးမိသည်။
သူပြုတ်ထားခဲ့တဲ့ခေါက်ဆွဲလေးကိုကင်ချီနဲ့ရောစားလိုက်တော့အရသာရှိလွန်းလို့ကျနော်တစ်စက်မှမကျန်အောင်စားလိုက်တယ်။

ဘာလို့လဲJeno ဘာလို့ကောင်မလေးရှိနေတာတောင်ငါ့ကိုဂရုစိုက်နေရတာလဲ...မင်းကငါ့ကိုသနားစရာညီလေးတစ်ယောက်လိုသူငယ်ချင်းတစ်ယောက်လိုဂရုစိုက်ပေးနေပေမယ့် ငါကမင်းဂရုစိုက်လေ မင်းကိုပိုတွယ်တာလေ...ပိုမြတ်နိုးလေ...ပိုပိုင်ဆိုင်ချင်လေပဲ...ငါမှားပြီလားJeno
မင်းကိုချစ်မိတာမှားပြီလား...

..........💚

ကျနော်အတန်းထဲရောက်တော့Jenoရောက်နှင့်နေပြီဖြစ်သည်။Renjunဘေးကကျနော့်နေရာမှာငမွှေထိုးHaechanကဝင်ထိုင်နေတော့

"NaNa ငါ့ဘေးလာ"

ကျနော့်လက်လေးကိုကိုင်ကာJenoကသူ့ဘေးHaechanနေရာကိုအတင်းဆွဲခေါ်လိုက်တော့ကျနော်သူ့ရင်ခွင်ထဲကိုအရှိန်လွန်ပြီးရောက်သွားသည်။

"အဟွက် အဟွက်"

အလိုက်မသိချောင်းဆိုးပြတဲ့Renjunကိုဒီထက်ပိုပြီးပုအောင်ထုချလိုက်ချင်သည်။

Love And Twists (Completed)Where stories live. Discover now