Love And Twists Chapter(13)

628 75 4
                                    

"အား!"

ကျောင်းဝင်ပေါက်တံခါးကိုဖြတ်အလာ ကျောက်ခဲတစ်လုံးကြောင့်ခြေခေါက်မလို့ဖြစ်သွားသည်။ဘာကြောင့်မှန်းမသိဒီနေ့Jenoစိတ်ထဲတစ်ခုခုထင့်နေသည်။

"Jeno....Jeno"

အမောတကောနဲ့ပြေးလာတဲ့Haechanကိုကြည့်ရတာကိစ္စတစ်ခုခုအရေးကြီးလာပုံရသည်။

"မင်းဘာတွေအရေးကြီးလာတာလဲ"

"Jaeminnie မင်းကိုလိုက်ရှာနေတယ် မင်းတို့ရန်ဖြစ်ထားတာလား ဒါမှမဟုတ် မင်းတစ်ခုခုပြဿနာရှာထားတာလား။ ဒါမှမဟုတ် မင်းသူမကြိုက်တာလုပ်ထားတာလား"

"ဒါမှမဟုတ်တွေများလိုက်တာ Haechanရာ Jaeminnieကငါ့ကိုဘာလို့စိတ်ဆိုးရမှာလဲ"

"မသိဘူးဟေး မျက်နှာကြီးနီရဲပြီး စိတ်တအားတိုနေတာနော် "

"ဟုတ်လား ဘာဖြစ်တာလဲမသိဘူး ငါသွားလိုက်ဦးမယ်"

Haechanပြောစကားကြောင့်Jenoခပ်သွက်သွက်ပဲအတန်းထဲဝင်လာတော့သည်။သူ့ခုံမှာထိုင်နေရင်းလက်သီးကိုကျစ်ကျစ်ဆုပ်ထားသည့်Jaeminကိုတွေ့လိုက်ရသည်။

"Jaemin ah မင်းတစ်ခုခုဖြစ်နေတာလား"

လက်ကလေးကိုအသာလေးကိုင်ပြီးမေးတော့ ချက်ချင်းပြန်ဖယ်ထုတ်လိုက်ပြီး-

"မင်း ငါ့နောက်လိုက်ခဲ့"

Jaeminခေါ်လာတာကြောင့် Jenoလည်းလူရှင်းတဲ့အပေါ်ထပ်သို့တက်သည့်လှေကားဒေါင့်တစ်နေရာကိုရောက်လာသည်။

"မင်းငါ့အပေါ် လုပ်ရက်တယ်နော်"

Jenoမျက်လုံးကိုစူးစူးကြည့်ရင်းပြောလိုက်သည့်Jaeminရဲ့မျက်ဝန်းအိမ်မှာမျက်ရည်တို့ပြည့်လျက်။

"Nana ဘာဖြစ်နေတာလဲကိုယ်သေချာမသိပေမယ့် စိတ်အေးအေးထားပါကွာ မငိုပါနဲ့"

*ဖျတ်*

Jaeminပါးပေါ်ကမျက်ရည်စတွေကိုသုတ်ပေးမယ့်Jenoလက်တို့ရိုက်ချခံလိုက်ရသည်။

"မင်းငါ့အသားကိုမထိနဲ့"

"Jaemin ah မင်းစိတ်ဆိုးတာကိုနားလည်ပေမယ့် အကြောင်းအရင်းလေးဘာလေးအရင်ပြောပြလို့မရဘူးလား အခုဟာကမင်းငါ့ကိုသက်သက်ကြီးတင်းနေတာ"

Love And Twists (Completed)Where stories live. Discover now