"ဟင်း......"
ခေါက်ဆွဲပြုတ်တစ်ပန်းကန်ကိုကုန်အောင်စားပြီးတဲ့နောက်မှာ Jaeminသက်ပြင်းရှည်ရှည်တစ်ခုကိုချလိုက်သည်။
အချိန်ကည၇နာရီ။အမှန်ဆိုသူနဲ့Jenoမှာဒီနေ့အတွက်အစီအစဥ်လေးရှိခဲ့သည်။မုန့်တွေအတူစားမယ် ရုပ်ရှင်ကြည့်မယ်ပေါ့။အခုအခြေအနေနဲ့တော့တခြားစီ။ကုန်သွားတဲ့ခေါက်ဆွဲပြုတ်ပန်းကန်ကိုဆေးပြီး သောက်နေကျကော်ဖီကိုဖျော်ဖို့လုပ်နေတုန်းခါးကိုရောက်လာတဲ့နွေးထွေးတဲ့ခံစားမှုလေးတစ်ခု-
"Jeno..."
Jaeminလှည့်ကြည့်လိုက်တော့ ဟုတ်ပါသည်။Jaeminရဲ့ကောင်လေး Jeno။
Jaemin မျက်နှာလေးကိုမြင်တာနဲ့Jenoကပွေ့ဖက်လိုက်သည်။
"ဟုတ်တယ် Lee Jenoလေ
မင်းနဲ့စကားမပြောရရင်မနေနိုင်တဲ့မင်းကောင်လေး Lee Jeno""တော်ပါ"
"မတော်နိုင်ပါဘူး မင်းအရမ်းနေနိုင်တယ်နော် ငါ့မှာတော့ရူးမလိုပဲ"
"ငါကရူးပါရူးသွားတာ Jeno မင်းမရှိဘဲနေရတဲ့အချိန်တွေမှာပေါ့
Hinaကိုရောမင်းအပေါ်ရောတောင်းပန်ပါတယ်""ထားပါတော့ အဲ့တာတွေ
ငါလည်းမှားခဲ့တာပဲ
အခုငါကြက်ကြော်နဲ့တော့ပိုကီဝယ်လာတယ် စားမယ်လာ""yayy ဒါမှ ငါ့Jeno"
"ဟားဟား ဒါမျိုးကျတတ်တယ် အစားပုတ်လေး"
Jenoမှာအသည်းယားစရာJaeminပါးလေးကိုညစ်ကာပြောတော့သည်။
ကြက်ကြော်ရော တော့ပိုကီရောစားပြီးတဲ့နောက်မှာတော့သူတို့ရဲ့planအတိုင်းရုပ်ရှင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
"ဘာကြည့်မှာလဲ Jeno"
"ဘာပဲဖြစ်ဖြစ်အဆင်ပြေတယ် မင်းနဲ့အတူဆို"
"ဟွန်း"
Jaeminကိုeye smileလေးနဲ့ပြုံးပြရင်းပြောနေတဲ့Jenoကို Jaeminမျက်စောင်းသေးသေးလေးထိုးရင်းပြုံးလိုက်သည်။
Jenoကဧည့်ခန်းထဲကဆိုဖာမှာထိုင်နေပြီးJaeminကဆိုဖာရဲ့မျက်နှာချင်းဆိုင်ကTVမှာသူတို့ကြည့်ဖို့Romance movieလေးပဲရွေးလိုက်သည်။
YOU ARE READING
Love And Twists (Completed)
Romanceရှုပ်ထွေးမှုတွေများခဲ့ကြပေမယ့် အားလုံးဟာအချစ်ကြောင့်ပဲမဟုတ်လား....