2

1.5K 171 20
                                    



ပြေးနေတယ်။ တောလမ်းတစ်ခုကိုမြင်နေရတယ်။
လမ်းဘေးက မြက်ရိုင်းတွေကကိုယ့်အရပ်ထက်တောင်ရှည်မယ့်ပုံ။

ရင်ဘက်တစ်ခုလုံး ဘာခံစားချက်မှမရှိဘဲ ဗလာသက်သက်။ အားသွန်ခွန်စိုက် တစိုက်မတ်မတ်ပြေးနေခဲ့တာ အမဲရောင်ကောင်တွေ ကိုယ့်အနောက်ကိုလိုက်လာကတည်းက ဖြစ်တယ်။

ပင်ပန်းတယ်။ ရပ်ပစ်ချင်ပေမယ့် ကိုယ်ကြောက်တယ်။
သူတို့တွေ မိသွားမှာကို။ နောက်တော့ ကိုယ့်နောက်လိုက်လာတဲ့ ခြေသံတွေကို မကြားရတော့။

ကိုယ်မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အခါ မှောင်မဲနေတဲ့ ပတ်ဝန်းကျင်ကနေ အဖြူရောင် လွင်ပြင်ကျယ်ထဲရောက်နေပြန်တယ်။

ထိုနောက် ကိုယ့်ကို ကျောခိုင်းထားတဲ့ အမျိုးသမီးတစ်ဦး။
တဖြည်းဖြည်းယုတ်လျော့လာတဲ့ ကိုယ့်အားအင်တွေက အောက်မှာရှိတဲ့ မြက်ခြောက်တွေပေါ် ဒူးထောက်ထိုင်ချမိတဲ့အထိ။

ခုနက ဗလာသက်သက်ဖြစ်နေတဲ့ နေရာလပ်က စို့နင့်မှုဖြင့် နေရာယူလာတဲ့အခါ အသက်ရှူတွေပါ ကြပ်လာတယ်။
ညာဘက်လက်ဖြင့် အတင်းဖိထားတဲ့ ဘယ်ဘက်ရင်က တဆစ်ဆစ်နာကျင်လာပြန်တာမို့ ကျောခိုင်းထားတဲ့အမျိုးသမီးကို အကူအညီတောင်းဖို့ ကြိုးစားမိပြန်တယ်။

"ဒီမှာ..! ကယ်ပါအုံး~"

ပါးစပ်လှုပ်ရုံသာ ပြောလို့ရပြီး ကိုယ့် အသံလုံးဝ မထွက်ဘူး။ အာခေါင်ခြစ်အော်ပေမယ့်လည်း ထိုအမျိုးသမီး ကြားနိုင်ဖို့ရာ မလုံလောက်ဘူး။ မဟုတ်ဘူး။ ကြားကိုမကြားတာ။

တင်းကျပ်လာသည့် ရင်ဘက်နှင့်အတူ တဖြည်းဖြည်းလေးလံလာသော ကိုယ့်မျက်ခွံတွေက...

ထိုအမျိုးသမီး ကိုယ့်ဘက်ကို လှည့်လာသည့်အချိန်မှာတော့..

အမေ*

ကျိန်းစပ်နေသော မျက်လုံးတွေကို အတင်းဖွင့်ချလိုက်တဲ့အခါ မျက်နှာကျက် အဖြူက ကြိုဆိုသည်။

အင်း! အိပ်မက်ပဲ~
ကိုယ် သက်ပြင်းချလိုက်မိတယ်။
ဘာတစ်ခုမှ ကောင်းမလာနိုင်မယ့် အိပ်မက်မျိုးကို ကိုယ်ဟာအကြိမ်ကြိမ်မက်တယ်။ စိတ်ရှုပ်မိတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ်ပဲဒေါသထွက်နေမိတာ။

ETERNITY [ 1 ]Dove le storie prendono vita. Scoprilo ora