ဖွင့်ထားသည့် မှန်ပြတင်းပေါက်မှတဆင့် ဝင်လာသည့်ဆောင်းလေအေးတွေက..စိမ့်ခနဲမို့ အိပ်နေရင်းနဲ့ထပိတ်ရတာမျိုး။ မူးနောက်နေတဲ့ခေါင်းကို နထင်းကနေလက်မဖြင့်ဖိချလို့ ထထိုင်လိုက်တယ်။ဟက်ချီး*
မနေ့ကအိမ်ပြန်နောက်ကျတဲ့အပြင် ရေကိုစိမ်ပြေနပြေချိုးခဲ့မိတာကိုယ့်အပြစ်။ အခုတော့ ဖျားနေလေပြီ။ညက ၂ နာရီမှအိပ်ပျော်သွားခဲ့တာ။
အိပ်မပျော်ဘူးဆိုတာထပ် မအိပ်ဘဲစဉ်းစားနေမိတာဆိုပိုမှန်မယ်။မနေ့က..ပါးတစ်ဖက်ယောင်ပြီး ပြန်လာတဲ့ကိုယ့်ကိုမြင်တော့ Sanbae ကစိတ်တပူပူနဲ့၊ နောက်တော့လည်းကားတာယာလဲပေးမယ့်လူမတွေ့တော့.Jungkook ကပဲလဲပေးခဲ့ပါတယ်..။ကျေးဇူးတင်စကားတောင်မပြောရသေးဘဲ ထွက်သွားတဲ့လူထူးဆန်းအကြောင်း တစ်ညလုံးခေါင်းထဲရောက်နေတယ်လို့ ပြောရင်ယုံကြမလား..။
သေချာတဲ့အဖြေထွက်လာတော့မှ ကိုယ်အိပ်ပျော်သွားခဲ့တယ်။ ခေါင်းတွေမူးနောက်နေတဲ့ကြားကပဲ ပြုံးမိလိုက်တယ်။
ချောင်းဆိုတာ နဲ့အချစ်က ဟန့်တားလို့မှ မရဘဲလေ*
#Ring
အသံကြားပေမယ့် ဖုန်းကိုမတွေ့။
မွေ့ယာတွေစောင်တွေအောက်လိုက်ရှာပေမယ့် တွေ့မယ့်တွေ့တော့ခုတင်အောက်မှာတဲ့။ရှာလို့တွေ့သွားတဲ့အချိန်.ဖုန်းကကျသွားလေပြီ။
"အမလေး..!"
နည်းနည်းနောနောလား..?
ပို့ထားတဲ့ message အစောင်အရေအတွက်က 128 ခု။
ပို့ထားတဲ့လူက Sanbae နဲ့ Haymi ဆီက.။
ဖုန်းခေါ်ထားတာက 13 ခေါက်။ဘယ်လိုဖြစ်လို့ ဒီလောက်တောင်..?
နောက်ဆုံး message တစ်ခုမှာ ကိုယ်မျက်လုံးတွေပြူးကျယ်ကုန်တယ်။အဲ! Message မဟုတ်ဘူး။ကိုယ်တို့ Park law firm က Mail ပို့ထားတာဖြစ်တယ်။ ဒီနေ့ ရုံးဆက်ဆက်တက်ရန်နှင့်နောက်မကျရန်.!?
Shit! သေလိုက်တော့*
"ဒီနေ့မှလား..?"
အိပ်ပျော်သွားတာ အချိန်က 10 AM.
သေချာပေါက် ဒီနေ့ရုံမတက်ဘူးလို့လုပ်ထားတာတဲ့စီမံကိန်းလည်း ပျက်စီးရပြီ။
![](https://img.wattpad.com/cover/261213371-288-k572300.jpg)