ဟူး...။
စစ်အေးတိုက်ပွဲဖြစ်နေသလို အဖေနဲ့ Jung Kook ကတုပ်တုပ်တောင်မလှုပ်ကြ။ ကြားထဲက ရယ်ဂျင်းလေး သက်ပြင်းတွေပဲလွှတ်ချနေမိပါပြီ။တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးတဲ့ မာကျောကျောအဖေ့အကြည့်တွေက Jung Kook ဆီ။ မျက်လွှာချထားပြီး ဝစီပိတ်ကျင့်နေသော ဘေးကလူကြီးကို ပခုံးနှင့်တစ်ချက်တိုက်လိုက်သည်။
" အဲ။ ဟို..! ဦးလေး.. ကျွန်တော်တို့ နှစ်ယောက်_"
" ချစ်သူတွေ ဖြစ်သွားပြီလို့ ပြောမလို့လား?"
ကိုယ်ရော Jung kook ပါ မျက်လုံးလှန်ကြည့်မိသည်။ အဖေကတော့ နှာတမှုတ်မှုတ်နှင့်သာ။ အခုက အခြေအနေကောင်းတာလား၊ အခြေအနေ မကောင်းတာလား မသဲကွဲဘူး။
" ဟုတ်ပါတယ်.ဦးလေး."
" အဖေ.. Jung kook ကိုမဆူပါနဲ့တော့.. ပြီးခဲ့တာတွေလည်းပြီးပြီမလား?"
" ငါ ဆူမယ်လို့လည်း မပြောမိပါဘူး..! ဒါပေမယ့် မင်း..!
နောက်တစ်ခါ ငါ့သမီး ဒီလိုမျိုးဖြစ်လို့ကတော့ မင်းနဲ့ငါအတွေ့ပဲ။ ရှေ့လျှောက်စောင့်ကြည့်နေမှာ..!ငါ့သမီးကိုကြပ်ကြပ်တာဝန်ယူ.."" ဟုတ်ကဲ့.. နောက်အဲ့လို မဖြစ်စေရပါဘူး။ ကျွန်တော် Yejin ကိုစောင့်ရှောက်...ပါ့မယ်"
မည်သူတစ်ဦးတစ်ယောက်မျှ မကြားနိုင်သည့် ရင်ဘက်၏ဘယ်ဘက်ခြမ်းက တစ်ချက်ဆောင့်ခုန်သည်။ ရှက်ကိုးရှက်ကန်းဖြစ်နေသော Jung kook ကကိုယ့်ဘက်ကို လှည့်ကြည့်မလာတော့။
" ပြီးတာပဲ.. ပြန်တော့! "
" အဖေ Jung Kook က ဘာမှမစားရသေးဘူးလေ.၊
ညစာစားပြီးမှ__"လက်ဖမိုးမှ နူးညံ့သောအထိအတွေ့ကြောင့် Jung Kook ကပြုံးပြသည်။ အဆင်ပြေပါတယ် ဆိုတဲ့သဘော။
ဒါပေမယ့်...!" ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါအုံး..!"
" ခဏလေး..။ အခု နောက်ကျနေပြီလေ.. တစ်ယောက်တည်း ဆိုးလ်ကိုပြန်မလို့လား Jung Kook က?"
အမှန်တကယ် နားမလည်တာရယ်။
အခုတောင် ၇ နာရီကျော်နေပြီ။ ဆိုးလ်ရောက်ဖို့ဆို ညဉ့်နက်သွားနိုင်သည်။ ဘယ်လောက်ပဲ ကျွမ်းကျင်သည်ဖြစ်ပါစေ၊ Highway ကတစ်ယောက်တည်းညဘက် မောင်းလျှင်အန္တရာယ်များတာ ကိုယ်တိုင်အသိပဲလေ။