"Yejin.. အဲ့ဒါလွန်ခဲ့တဲ့ ၁၂ နှစ်ကဟာနော်..၊
ဘယ်လိုလုပ်ပြန်ရှာလို့ရမှာလဲ..?
ရှာလို့ရရင်တောင်...လူတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ကိစ္စလေ၊Hyung~ ကူပြောပါအုံး.."
"ဟုတ်တယ်.. Yejinie.. အသုံးမဝင်တာတွေလိုက်ရှာမနေနဲ့တော့."
Jimin ရော Sanbae ရောကပါ မလုပ်ဖို့တားကြတယ်..။
ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် Jungkook ကိုလိုက်ပေးမယ်လို့ကတိပေးခဲ့တာ..။ ၂၄ နာရီတောင်မပြည့်သေးဘူး ဖြတ်ရတော့မယ့်အဖြစ်မျိုးတော့ လုံးဝအဖြစ်မခံနိုင်ပါ။Jung Kook ကိုမေးတော့..
"ကြိုက်သလိုလုပ်၊သေချာတာတော့..သက်သေတချို့အဖျောက်ခံထားရတယ်..ငါ့အမှုကို လိုက်ခဲ့တဲ့..စုံစမ်းရေးမှူးတောင်ဘာမှမသိရဘဲ" တဲ့။ဟူး...။
Stick တစ်ခုချင်းစီမှာ နှစ်အလိုက်လိုက်ခဲ့တဲ့အမှုတချို့ကထည့်သွင်းထားပြီးသားဆိုတော့..ရှာရလွယ်ကူတယ်ဆိုပေမယ့်.. 2015 ထက်စောတဲ့နှစ်တွေကတော့ stick မှာ တိပ်တောင်မကပ်ထားတော့ဘူးရယ်..။မတတ်နိုင်ဘူး..။ တစ်ခုချင်းစီလိုက်ဖွင့်ရမှာပဲ..။
နောက်ဆုံးတစ်ခုဖြစ်တဲ့အနီရောင် stickကသာကိုယ်ရှာနေတဲ့ 2008 ခုနှစ်ဖြစ်တော့တယ်..။ November လမှာလို့.. Jungkook ပြောပြထားတာကြောင့်.. အစဉ်လိုက် November လကို click တစ်ချက်နှိပ်လိုက်တော့...
အမည်က Jeon Jung Kook.
အမှုက လူသတ်မှု နဲ့ ထောင်သုံးနှစ်ကြခဲ့တယ်..။
လိုက်ခဲ့တဲ့စုံစမ်းရေးမှူးက.. Park Jae Woo.ရခဲ့တဲ့သက်သေတွေက... Lee Jieun အထိုးခံရတဲ့
ဓားမှာ လက်ဗွေရာစစ်ဆေးကြည့်ရာ တရားခံက Jeon Jung Kook လို့သိရ..။အဲ့ဒါကြောင့်ပဲ...တရားလိုဘက်က Jeon Jung Kook ကိုတရားခံအဖြစ်စွပ်စွဲခဲ့တယ်..?ဓားပေါ်ကလက်ဗွေရာလေးတစ်ခုတည်းနဲ့လေ?
"သက်သေက ယုတ္တိမရှိလိုက်တာ!"
"ဘာဖြစ်လို့လဲ..?"
ထိုင်ခုံမှာ ထိုင်နေတဲ့.. Jimin ကကိုယ့်ကိုလှမ်းမေးတယ်..။