ဒီနေ့အဖို့ သတင်းစာတိုင်း၏ခေါင်းစဉ်ထိပ်စည်းတွင် ခပ်ကြီးကြီးရေးထားသည့်စာသားက..*လွန်ခဲ့သော ၁၂ နှစ်က I & U Group ဥက္ကဌ Lee Jieun သေဆုံးမှုနှင့်ပတ်သတ်၍သက်သေများပြန်လည်တွေ့ရှိချက်အရ De novo Hotel ၏ဒုဥက္ကဌ Kim Jun Hee တရားခံအဖြစ်ပြောင်းလဲစွပ်စွဲခံရ*
SNS နှင့်အခြား social media တချို့တွင်လည်းဟိုးလေးတကျော်ကျော်ဖြစ်လို့မဆုံးသည့်အပြင်.ထပ်တိုးသတင်းအဖြစ် De novo Hotel ၏ရှယ်ယာစျေးများထိုးကျလာသည့်အကြောင်းအရာပါ ထည့်သွင်းဖော်ပြကြလေသည်။
"ဒီတိုင်းဆိုရင်တော့ အခြေအနေမကောင်းတော့ဘူးပဲ"
တီ~
ရုံးခန်းထဲမှ ဖွင့်ထားသည့် TVကိုပိတ်ချလိုက်ပြီး စကားစလာသည့် Sanbae.ဒီနေ့မျိုးရောက်ကိုရောက်လာမယ်ဆိုတာဟိုဘက်ကို စပရိုက်တိုက်လိုက်ရုံပါ။
"ဟိုနေ့က CCTV စစ်ကြည့်တာ ဘာထူးလဲ Jimin?"
"မျက်နှာတွေကို အုပ်ထားတော့ သေချာမမြင်ရဘူးဖြစ်နေတာ..အားလုံးကအနက်ရောင်တွေဝတ်ထားတာရယ်.."
အားလုံး.?
တစ်ယောက်တောင်မဟုတ်ဘဲ အဖွဲ့လိုက်ကိုယ့်ဗွီရိုကိုဖောက်တယ်ဆိုတဲ့သဘောလား!"ဘယ်နှယောက်တောင်မှလဲ?"
"၃ ယောက်။ ဒီမှာလာကြည့်"
လက်ယက်ခေါ်နေသော Jimin နားသွားလိုက်တော့.စခရင်မျက်နှာပြင်ပေါ်က လူတွေက..ဗိုက်ပူတစ်ယောက်နှင့် ပိန်ပိန်ရှည်ရှည်နှစ်ယောက်။
သေချာပေါက် မျက်နှာတွေကအနက်ရောင်ချည်ဖြင့်အုပ်ထားပြီး.ကိုယ်နေအဟန်အထားကိုပဲတိတိကျကျမြင်ရတာမျိုး။
နေပါအုံး.!
ဒီဗိုက်ပူရဲ့ နောက်ကျောကိုမြင်ဖူးသလိုပဲ.?
ရင်းရင်းနှီးနှီးကို။ကိုယ်ကြည့်နေရင်းမှ တစ်ခုခုကို သိလာသလို။
"Sanbae!"
"လန့်လိုက်တာဟ~ ဘာလဲ?"
အထိပ်ထိပ်အပြာပြာနှင့် Sanbae ကဒီနေ့မှ ပြာယာခတ်နေသလို။ အရင်အခုလိုမျိုးလှမ်းခေါ်ဖူးပေမယ့် ဒီလောက်ကြီးထိလန့်တတ်တဲ့အကျင့်မျိုးမရှိ။ အင်း....။လူဆိုတာအမြဲတသတ်မတ်တည်းတွေးထားလို့မှမရဘဲ။