စခရင်ပေါ် မြင်နေရသည့်ပုံရိပ်တချို့က ဒီလောက်တောင်ကိုယ့်ကိုပျော်ရွှင်စေသလားမသိ။ ဖုံးဖိမတတ်အောင်ပြုံးနေမိတဲ့ကိုယ့်ကို Sanbae ကထူးဆန်းသလိုကြည့်လာတယ်။ဒီလိုဆိုရင်တော့ အားလုံးအဆင်ပြေပြီ။ သေချာအောင်စစ်ဆေး ရုံပဲရှိတော့မည်။ ကျန်တာက မီးစိမ်းပြပြီးဖမ်းလိုက်ရုံသာ။
သို့သော်လည်း အခုချိန်ထိကိုယ့်စိတ်ထဲမတင်မကျဖြစ်နေတဲ့ကိစ္စတစ်ခုက..ဒီ Stick ကိုပေးခဲ့တဲ့၊မနေ့ကတွေ့ခဲ့တဲ့ Min Yoongi ဆိုသည့်လူကယုံကြည်လို့ရပ့မလား ဆိုတာ.။
"Yejin! အားလုံးပြန်သွားပြီ!နင်မပြန်သေးဘူးလား?"
ကိုယ့်အခန်းထဲထိလာပြီး စကားပြောနေသည့်ဟေမီကြောင့်လက်ပတ်နာရီကို တစ်ချက်ကြည့်မိတော့ ၆ နာရီနဲ့ ၄၅ မိနစ်။
"ခဏလေး..စစ်စရာလေးကျန်သေးလို့. ပြီးတော့မှာပါ"
"အင်း..အင်း.ဒါဆို ငါသွားပြီ"
ကိုယ်လက်ပြလိုက်ပြီး အကြည့်တွေက laptop တွင်နေရာယူလိုက်တယ်။ Lee Jieun ရဲ့မိဘတွေက...Canada ကိုပြောင်းသွားခဲ့တာ ကြာပြီ။ အတိအကျပြောရရင် သူတို့သမီး.အသတ်ခံရတဲ့ အချိန်ကစပြီးပြောင်းသွားခဲ့တာ.။
သူတို့ရဲ့ email address သိရရင်တော့..မဆိုးဘူးပေါ့။
ဒါပေမယ့်.သိရတော့ရော..?သူတို့ သမီး ကိစ္စကိုပြန်အစဖော်သလိုဖြစ်ပြီး ကိုယ်ကသူတို့အတွက်တစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေအုံးမလား..?
စိတ်ရှုပ်စရာကောင်းအောင် Jimin ရဲ့ Samchun ဆီသွားနေခဲ့တာကရော..အဲ့ဒီဦးလေးလည်းကိုယ့်ကြောင့်စိတ်ရှုပ်နေရအုံးမှာလား..?
အတွေးပင်လယ်ထဲ ရေစုံမျောနေပြန်တယ်။
တစ်ဖက်ကလည်း Jeon Jung Kook အတွက်လို့စဉ်းစားလိုက်ရင်..ကိုယ်လုပ်နေတဲ့လုပ်ရပ်တွေကို ဆက်လုပ်ဖို့ဆော်ဩနေသလို။
ကိုယ်သက်ပြင်းချလိုက်ရင်း တဒူဒူဝင်နေသော ဖုန်းကောလ်ကိုတစ်ချက်ဖိဆွဲမိလိုက်တယ်။ ဘယ်သူဘယ်ဝါမှန်း ဖုန်းနံပါတ်ကိုမကြည့်မိလိုက်။